Marketing

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလအတွင်း QR Pass ကိုင်ဆောင်ထားရှိရန် မလိုအပ်သည့် လုပ်ငန်းများစာရင်း

Read 1396 times
ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလအတွင်း QR Pass ကိုင်ဆောင်ထားရှိရန် မလိုအပ်သည့် လုပ်ငန်းများစာရင်း

 


ရန်ကုန်တိုင်းဒေသကြီး (Stay at Home) ကာလအတွင်း 

QR Pass ရယူရန် မလိုအပ်သည့် လုပ်ငန်းများ

၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလ (၂၈) ရက် 

 

၁။ ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်းများသည် လုပ်ငန်းလည်ပတ်ရာတွင် online မှတဆင့် မှတ်ပုံတင်၍ ဝန်ထမ်းများ၊ လုပ်သားများအတွက် QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို ၂၄.၉.၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။

 

 ၂။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဖွင့်လှစ်ခွင့်ရသော လုပ်ငန်းများအနက်မှ

အောက်ဖော်ပြပါ လုပ်ငန်းများရှိ ဝန်ထမ်းများ၊ လုပ်သားများအနေဖြင့် QR Pass ပြုလုပ်ရန် မလိုအပ်ပဲ သက်ဆိုင်ရာ ကုမ္ပဏီ၊ လုပ်ငန်းများ၏ ဝန်ထမ်းကဒ်ဖြင့် လုပ်ငန်းခွင်သို့သွားရောက်နိုင်ပါကြောင်း အသိပေး အပ်ပါသည်။

• ဘဏ်လုပ်ငန်းများ

 • ပုဂ္ဂလိကဆေးရုံများ

 • Supermarket များ

 • စက်သုံးဆီအရောင်းဆိုင်များ 

• သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)