Life Hacks

ကမ္ဘာကြီးအတွက် Steve Jobs ရဲ့ အမွေ

Read 312 times
ကမ္ဘာကြီးအတွက် Steve Jobs ရဲ့ အမွေ

သူပြောခဲ့တဲ့စကားတွေ ၊သူထားခဲ့တဲ့ ဥာဏ်ပညာတွေက ပိုအရေးကြီးတယ်လို့ကျွန်တော်ခံယူထားပါတယ်။

Steve Jobs ရဲ့ ခံယူချက်က ငွေအတွက်နဲ့ပဲ လုပ်ငန်းတစ်ခုမှာ ဘယ်တော့မှ မလုပ်သင့်ဘူးဆိုတဲ့ ခံယူချက်တစ်ခုပါ။

Steve Jobs ကိုယ်တိုင်ကလည်း "သင်္ချိုင်းမှာ အချမ်းသာဆုံး လူတစ်ယောက်အဖြစ်နဲ့ သေဆုံးရတာ ကျွန်တော့်အတွက်တော့ ဘာအဓိပ္ပါယ်မှမရှိပါဘူး။

ကျွန်တော့်အတွက်အရေးကြီးတာက ညဘက် အိပ်ယာ ဝင်တဲ့အချိန် ငါတို့တော့ ဒီနေ့ အံ့သြစရာကောင်းတဲ့ အလုပ်တွေ လုပ်ခဲ့ပြီဆိုတာကို ပြောနိုင်ခြင်းပါပဲ။" လို့ ဆိုပါတယ်။

Steve Jobs အသက် ၁၇ နှစ်မှာ     "မင်းနေ့ရက်တိုင်းကို မင်းရဲ့ နောက်ဆုံးနေ့အဖြစ်ယူဆပြီး အသက်ရှင်နေထိုင်သွားမယ်ဆိုရင် တစ်နေ့မှာတော့ မင်းသေချာပေါက် မှန်ပါလိမ့်မယ် ဆိုတဲ့ ပြောစကားတစ်ခွန်း ဖတ်ခဲ့ရတယ်" လို့ဆိုပါတယ်။

ကျွန်တော် Steve Jobs ရဲ့ အထ္တုပတ္တိကို ရေးထားတဲ့ Walter Lsaacson ရဲ့ စာအုပ်ထဲမှာ Steve Jobs ဟာ အနောက်တိုင်းမှာမွေးသူတစ်ယောက်ဖြစ်ပေမဲ့ အရှေ့တိုင်းကို တော်တော် စိတ်ဝင်စားသူတစ်ယောက်ပါ။

Jobs ကအိန္ဒိယကိုလည်း Apple မတည်ထောင်ခင်တုန်းက လာပြီး ဆာဒူးတွေအကြောင်းလေ့လာခဲ့သလို သတ်သတ်လွတ် သမားတစ်ယောက်လည်း ဖြစ်ပါတယ်။

ဇင်ဘာသာကို ကိုးကွယ်တဲ့ လူတစ်ယောက်အဖြစ်လူသိများပါတယ်။

ဆိုလိုတာက ဒီစကားလေးက Jobs အပေါ်သံဝေဂ ရသွားစေတဲ့ စကားတစ်ခုပါပဲ။

အဲ့ဒီအချိန်ကတည်းက ၃၃ နှစ်လုံးလုံး Jobs ဟာ မှန်ထဲ သူ့ကိုသူ ပြန်ကြည့်ပြီး

"ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့ ဖြစ်မယ်ဆိုရင် ဒီနေ့မှာ လုပ်ရမယ့်အလုပ်တွေကို ငါလုပ်ချင်ပါ့မလား" လို့ သူ့ကိုယ်သူမေးကြည့်ပါတယ်။

အဖြေက No ဆိုပြီး နေ့ရက်ပေါင်းများစွာ ဆက်တိုက်ဖြစ်နေရင်တော့ ကျွန်တော် တစ်ခုခုကို ပြောင်းလဲဖို့ လိုနေပြီဆိုတာ သိလာပါတယ်။

ငါမကြာခင်မှာ သေရမယ်ဆိုတာကို သတိရနေတာက ဘဝမှာ ဆုံးဖြတ်ချက်ကြီးတွေကို ချမှတ်ရာမှာ ကူညီပေးနိုင်တဲ့ အကောင်းဆုံးလက်နက်တစ်ခုပါ။

တရားသေလက်ခံထားတဲ့ အယူတွေရဲ့ ထောင်ချောက်ထဲ မပိတ်မိပါစေနဲ့။

တခြားသူတွေရဲ့ အမြင်တွေက သင့်ရဲ့ အတွင်းစိတ်အသံကို မကြီးစိုးပါစေနဲ့။

မင်းဟာ စိတ်ပဲ။ မင်းခန္ဓာကိုယ်ထဲ တဒင်္ဂရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အရေးကြီးဆုံးက နှလုံးသားနောက်ကို လိုက်ရဲတဲ့ သတ္တိရှိပါစေ။

နောင်တဆိုတာကြီးက ဘယ်အခါမှ ချိုမြိန်မနေတတ်လို့ပါ။

ဒါ့ကြောင့် ကိုယ့်စိတ်ထဲက ချစ်မြတ်နိုးတဲ့ အရာကို လုပ်ပါ။

ပတ်ဝန်းကျင်ရဲ့ စကားတွေကို နားထောင်ပါ။

ဒါပေမဲ့ သင့်ရဲ့ အတွင်းစိတ်ကိုတော့ မပိတ်မိနေပါစေနဲ့။

သင့်ရဲ့ အချိန်က အကန့်အသတ်ရှိပါတယ်။

ကိုယ်လုပ်ချင်တဲ့ စိတ်ထဲက ခံစားနေရတဲ့ အရာတွေအတွက် အချိန်မဆွဲပါနဲ့။

သင့်ရဲ့ ပန်းတိုင်က မှန်ကန်နေမယ်ဆိုရင် အချိန်က ရပ်မနေဘူးဆိုတာ သတိရပါ။

Recommended for you-ဒီအချက်တွေက သင့်ကို စတိဗ့်ဂျော့ထက် ပိုပြီး စကားပြောကောင်းစေမှာပါ

Credit; Original Writer

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

Directory Book 1