(၂) သင်လုပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်အောင်လုပ်ဖို့တော့ လိုတယ်။
(၃) အောင်မြင်ရေးနည်း လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ အဲဒါ သင်စိတ်ဝင်စားတဲ့ အလုပ်၊ သင့်ကို စိတ်လှုပ်ရှားစေတဲ့ အလုပ်ကို လုပ်ပါ။
(၄) သင်လိုချင်နေတာ ရှိလား။ ချက်ချင်းထသွားပြီး ရအောင်ယူလိုက်ပါ။
(၅) သင့်မှာ အိမ်မက်တစ်ခုရှိနေရင် အဲ့ဒီအိမ်မက်ကို ကာကွယ်ပါ။ လူတွေက မဖြစ်နိုင်ပါဘူးလို့ ပြောပြီး သင့်အိမ်မက်ကို ဖျက်ဆီးကြလိမ့်မယ်။
(၆) သင့်ဘဝရဲ့ လက်ကျန်အချိန်ဟာ သင့်ဘဏ်စာရင်းလက်ကျန်ထက် ပိုအရေးကြီးပါတယ်။
(၇) ရှုံးနိမ့်တယ်ဆိုတာ အိုကေပါ။ မအိုကေတာက အရှုံးပေး လက်လျှော့လိုက်တာပါ။
(၈) တစ်နေ့ကို ခြေတစ်လှမ်းလှမ်းသလို တစ်ဆင့်ချင်းလုပ်ပါ။ အတန်ကြာလို့ နောက်ပြန်လှည့်ကြည့်တဲ့အခါ သင် အတော်ခရီး ပေါက်နေပြီဆိုတာ အံ့သြစွာ တွေ့မြင်ရပါလိမ့်မယ်။
Recommended for u- ပိုပြီးအောင်မြင်လာစေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် စိတ်ဓာတ်ရေးရာ နည်းပရိယာယ်များ
Credit; ဆရာ ဗန်းမော်သိန်းဖေ