Events & Exhibitions

စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှု လုပ်ချင်ပေမယ့် မလုပ်ရဲတဲ့သူတွေအတွက်

Read 1754 times
စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှု လုပ်ချင်ပေမယ့် မလုပ်ရဲတဲ့သူတွေအတွက်

Myanmar Securities Exchange Centre ၊ MESI Business Institute နဲ့ Daiwa Securities Group Inc. တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်ပြီး လုပ်ငန်းလုပ်ကိုင်လိုသူတွေ၊ အခုမှ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုကို စတင် လေ့လာလိုတွေအတွက် အထောက်အကူပြုနိုင်မယ့် ဟောပြောပွဲတစ်ခု ဖြစ်ပါတယ်။

ဟောပြောပွဲမှာ စတော့ရှယ်ယာရဲ့ အခြေခံ အကြောင်းအရာတွေကို တင်ပြသွားမှာဖြစ်ပြီး စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတွေနဲ့ Online မှတဆင့် ရောင်းခြင်း၊ ၀ယ်ခြင်းများအား သရုပ်ပြခြင်း စတာတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

MSEC အကြောင်းကိုလည်း မိတ်ဆက် ပြောပြပြီး ဂျာပန်နိုင်ငံမှာရှိတဲ့ စတော့ရှယ်ရာဈေးကွက် သမိုင်းကြောင်းတွေကိုလည်း ဗွီဒီယိုနဲ့တကွ ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ပုဂံဟာ ၂၀၁၉ ဇူလိုင်လမှာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်၊ မဝင် သိရှိနိုင်ပြီ

ဒီဟောပြောပွဲမှာ ဟောပြောသွားမယ့်သူတွေကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ MSEC Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ Mr.Takashi Yamaguchi၊ Daiwa Securities Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ Mr.Makoto Akasaka နဲ့ MSEC Co., Ltd မှ လက်ထောက်မန်နေဂျာ ဦးမျိုးကျော်စွာတို့ ဖြစ်ပါတယ်။

ဟောပြောပွဲ တက်ရောက်လိုတဲ့ သူတွေအနေနဲ့ ဖုန်းနံပါတ် 01-376822 လိုင်းခွဲ 0 ကို ဆက်သွယ်နိုင်သလို Email [email protected] ဒါမှမဟုတ် https://bit.ly/2HG1xcU တို့ကနေလည်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။

Source; Myanmar Securities Exchange Centre Co., Ltd

Myanmar Advertising Directory