Business Marketing

စိုးရိမ်လွန်ပြီး အတွေးများနေတာကို ဘယ်လိုရပ်တန့်မလဲ

Read 2050 times
စိုးရိမ်လွန်ပြီး အတွေးများနေတာကို ဘယ်လိုရပ်တန့်မလဲ

ဒီလိုတွေမဖြစ်ရအောင် ကိုယ့်ကိုယ်ပြန်လည်ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

♦ရလဒ်တွေနဲ့ပတ်သက်ပြီး ခန့်မှန်းတာတွေကို ရပ်တန့်လိုက်ပါ

တစ်ခါတစ်လေ စစ်သည်အင်အားအပြည့်နဲ့ စစ်ပွဲတစ်ခုကို ဆင်နွှဲရင်တောင် အနိုင်အရှုံးဆိုတာကို သေချာ မခန့်မှန်းနိုင်ပါဘူး။ မမြင်ရတဲ့ နည်းပရိယာယ်ဆိုတာတွေကရှိနေသေးတယ်လေ။ အဓိကကတော့ ကိုယ်လုပ် ရမယ့်  အရာတစ်ခုကို အကောင်းဆုံးကြိုးစားကာ မဆုတ်မနှစ်လုပ်နိုင်ဖို့ပါပဲ။

♦အဆိုးဆုံးအခြေအနေက ဘာဖြစ်နိုင်မလဲဆိုတာကို ကိုယ့်ကိုယ်မေးကြည့်ပါ။

ဒီကိစ္စရပ်တစ်ခုကို လုပ်လိုက်လို့ ငါခံရမယ့် အဆိုးဆုံးအခြေအနေကဘာလဲဆိုတာကို ပြန်မေးကြည့်ပါ။ သန်းခါင်ထက်ညဉ့်နက်နိုင်ပါ့ဦးမလား။ ဥပမာ- စာမေးပွဲအောင်စာရင်းထွက်ခါနီး အချိန်တွေဆို ကြုံတတ်  ကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အလွန်အမင်းတွေစိုးရိမ်စိတ်တွေဖြစ်ကာ အနားမှာ ရှိနေသူ တွေကိုပါ ပူလောင်စေတတ်တဲ့သူမျိုးတွေပါ။  

♦အရာအားလုံးဟာ သင့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေမယ်လို့မထင်ပါနဲ့။

အချိန်သည်လည်း အပြောင်းအလဲမြန်၏။ လူတို့သည်လည်း အပြောင်းအလဲမြန်၏။ စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။ အရာအားလုံးဟာ ဖြစ်ပြီးပျက်နေတတ်တဲ့ သဘောပါ။ ဖြစ်ပျက်နေတာတွေကို သင်လိုက်ခံစားနေစရာ မလိုပါဘူး။ သင်ပစ္စုပ္ပန်တည့်တည့်မှာနေပြီး အရာအားလုံးကို ရင်ဆိုင်ပါ။

Read-ဆုံးဖြတ်ချက်တွေကို ရဲရဲချပါ

♦ခြေလှမ်းတစ်လှမ်းအရင်လှမ်းပီးစတင်လိုက်ပါ။

ငါဘာကြီးလုပ်နိုင်တယ်လို့ပြောတာထက် ငါဒါကိုစတင်လုပ်ဆောင်နေတယ်ဆိုတာနဲ့ စတင်ပါ။ အနာဂါတ်ကို ကြိုတွေးပြီး ငါဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကို ရပ်တန့်ထားပါ။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်နိုင်ပါဘူး။ 

Source; Power of Positivity