How To

အောင်မြင်ချင်သူတွေ လေ့လာသင့်တဲ့ Dell ရဲ့မတူညီတဲ့ အတွေးအခေါ်

Read 4836 times
အောင်မြင်ချင်သူတွေ လေ့လာသင့်တဲ့ Dell ရဲ့မတူညီတဲ့ အတွေးအခေါ်

Dell ကိုတချို့ကုမ္ဗဏီတွေထက် အောင်မြင်ပြီး ရှေ့ရောက်အောင်လုပ်ပေးနိုင်တဲ့အကြောင်းအရာတစ်ခုကတော့ “စီးပွားရေးဘက်ကအတွေးအခေါ်” ပါပဲ 

အရင်ကတည်းကရှိလာတဲ့ ကုမ္ဗဏီကတော့ Make-To-Stock ဆိုတဲ့နည်းလမ်းကိုသုံးပြီး ၊ အရှုံးပေါ်မှာကို အရမ်းစိုးရိမ်ရပါတယ်။ 

ဒါပေမဲ့ Dell ကတော့ Make-To-Order ဆိုတဲ့နည်းလမ်းကိုသုံးပြီးတော့ order လုပ်သူတွေရဲ့လိုအပ်ချက်အရ ထုတ်လုပ်ပါတယ်။   Make-To-Order ဆိုတဲ့နည်းလမ်းကတော့

(၁) Dell ကိုတခြား ပြိုင်ဘက်တွေထက် အရင်းနည်းအောင်လုပ်ပေးနိုင်တယ်

(၂) customer တွေက စိတ်တိုင်းကျကိုယ်လိုချင်တဲ့  computer ပုံစံကိုရရှိတယ်

(၃) ပြီးတော့ Dell ကို stock လုပ်ဖို့အရင်းနဲ့ ၊  ကိုယ်စားလှယ်ပေးဖို့အရင်းမရှိအောင်လုပ်ပေးနိုင်ခဲ့တယ်

ဒါကြောင့် Dell ကလျင်လျင်မြန်မြန်နဲ့အောင်မြင်မှုရရှိပြီး  တိုးတက်မှုအရမ်းကိုမြန်ဆန်လှပါတယ်။ 
၁၀ နှစ်အချိန်ပဲသုံးပြီး ကမ္ဘာ့အကြီးဆုံး computer company “Compaq” ကိုလွယ်လွယ်ကူကူနဲ့ အစားထိုးနိုင်ခဲ့ပါတယ် 

ဒါပေမဲ့ ဒီလိုပြောလိုက်တော့  Dell လိုမျိုးလွယ်လွယ်ကူကူနဲ့ လိုက်လုပ်လို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ Dell ကအရမ်းခိုင်မာတဲ့ ဖွဲ့စည်းပုံလေးရှိနေလို့ပါ  အတွေ့အကြုံ ၊ accumulation တွေ ၊ ပြီးတော့ တခြား connection တွေအမြောက်အများရှိရုံမက၊ delivery ပေးတဲ့ဝင်ဆောင်မှုရဲ့ management တွေ၊ ကုန်ကြမ်းပစ္စည်းတွေကိုသုံးတဲ့အချိန်မှာစီမံခန့်ခွဲမှုတွေအရမ်းကိုအာကောင်းပါတယ် အခုလက်ရှိ Dell က ကမ္ဘာ့ personal computer ရောင်းတဲ့ နံပါတ် (၁) ကုမ္ဗဏီဖြစ်နေပါတယ်။

ဒါတင်မက Dell က တခြားစီးပွားရေးတွေမှာ ထပ်ပြီးတော့တိုးတက်အုံးမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ Servers, Storage, PDA နဲ့ Printer တွေအမြောက်အများဆက်လုပ်ပြီး social world ဖြစ်လာတဲ့ခေတ်အတွက် အဆင်သင့်ပြင်ထားပါတယ် 

Read-နာမကျန်းသောကာလတွင် အောင်မြင်နေသည့်လုပ်ငန်းများ

ပြီးတော့ Dell ရဲ့နောက်စိတ်ဝင်စရာကောင်းတဲ့ strategy ကတော့ အချိန်တချိန်မှာ ခေတ်စားလာတဲ့ အရာကိုလိုက်ပြီးတော့ မထုတ်လုပ်ပါဘူး။ ဒါပေမဲ့အဲ့ဒီအရာက အနာဂတ်မှာ တကယ်အသုံးဝင်မယ်လို့ မြင်တဲ့ထိစောင့်တတ်ပါတယ်။ ပြီးတော့မှ အရည်အသွေးကောင်းတဲ့ ဈေးသက်သာတဲ့ပစ္စည်းကိုထုတ်လုပ်ပြီး ပြိုင်ဘက်နဲ့ပြိုင်တတ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Dell ရဲ့ ကုန်ပစ္စည်းတွေက ကြာကြာရောင်းနိုင်ပြီးတော့ အမြတ်ကိုကြာရှည်စွာလုပ်နိုင်ပါတယ်။ 

Dell ရဲ့မတူညီတဲ့အတွေးအခေါ်တွေက တကမ္ဘာလုံးမှာအောင်မြင်ချင်တဲ့သူတွေ လေ့လာသင့်တဲ့ အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ် 

Source; Black Bin Myanmar