Business Marketing
စိတ်ဓါတ်မာကြောကြံ့ခိုင်သူတွေဆိုတာ
Read 2230 times
စိတ်ဓါတ်မာကြောကြံ့ခိုင်သူတွေဆိုတာ
Read-
အရှုံးရဲ့အခြားတစ်ဖက်
Ref:yourtango
Credit; orginal  writer
စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ လစ်လျူရှူထားလို့မရသည့် ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးသည့် ဆိုင်လိပ်စာများ၊ ကုမ္ပဏီလိပ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory pageတွင် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါသည်။
Link-Myanmar Advertising Directory
ကုမ္ပဏီများ မှအလုပ်ခေါ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory Page တွင် အခမဲ့ ကြော်ငြာပေးထားပါသည်။
Link  -Jobs Board
(Unicode Version)
စိတ်ဓာတ်ကြံ့ခိုင်သူတွေဆိုတာ စက်ရုပ်တွေတော့ မဟုတ်ကြပါဘူး။ ဒါပေမယ့် လောကကြီးကို ဘယ်လို ရင်ဆိုင်ရမယ်၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမယ်၊ ကိုယ်လိုချင်တဲ့အရာကို ဘယ်လိုရအောင် ကြိုးစားရမယ် ဆိုတာတွေကိုတော့ သူတို့ကောင်းကောင်းသိကြသလို ဒီလိုလူမျိုးတွေဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်တတ်ကြသူတွေပါ။ ဒီလိုဖြစ်ဖို့ တစ်ချို့ကလည်း ဘဝလောကဓံတွေကို ရင်ဆိုင်အံတုရင်းကပဲ ဘဝသင်ခန်းစာတွေ ကောင်းကောင်းကြေညက် သွားသူတွေပေါ့။ တစ်ချို့ကျတော့လည်း ကိုယ်လုပ်ခဲ့တဲ့အမှားတွေကနေ ပြန်လည်သင်ယူရင်း ပျော့ညံ့တဲ့ စိတ်ဓာတ်ကို ဖယ်ထုတ်ကာ စိတ်ဓာတ်မာအောင် ကြိုးစားတည်ဆောက်ထားသူတွေ လည်းရှိတတ်ပါတယ်၊ သူတို့တွေ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ အရာတွေကတော့
၁။ကိုယ့်ဘာသာကိုယ် သနားနေဖို့ အချိန်မရှိပါဘူး။ ဘယ်လိုအခက်အခဲ၊ ပြသနာကြုံကြံု ကိုယ့်ကိုယ်ကို သနားစရာ သတ္တဝါရယ်လို့တော့ မတွေးတတ်ကြပါဘူး။
၂။ကိုယ့်ပြသနာကို သူတစ်ပါးကို မလွှဲချတတ်ကြဘူး။ ကိုယ့်အပြစ်ကိုလည်း သူများအပြစ်မလုပ်တတ်ကြဘူး။
၃။ အပြောင်းအလဲတစ်ခုအတွက် ရှက်ရွံ့နေတာမျိုး မလုပ်တတ်ကြဘူး။
၄။ကိုယ်မလုပ်နိုင် မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် အားအကုန်မခံဘူး။
၅။ တစ်ခြားလူတွေ စိတ်ကျေနပ်စေဖို့အတွက် လိုက်လုပ်မနေဘူး။ အဲ့ဒီအတွက် ပူပန်းခြင်းလည်း မရှိဘူး။
၆။ အတိတ်မှာပဲ တစ်လည်လည် ဖြစ်မနေတတ်ကြဘူး။
၇။အခြားလူတစ်ယောက်ရဲ့ အောင်မြင်မှုကိုလည်း မနာလို၊ ဝေဖန်တာမျိုး မလုပ်ကြဘူး။
၈။တစ်ယောက်တည်း ရှိနေချိန်တွေမှာလည်း အားငယ်မနေတတ်ဘူး။
၉။ဒီကိစ္စအတွက် တစ်ယောက်ယောက်မှာသာ တာဝန်ရှိတယ်လို့ ဘယ်တော့မှ မတွေးဘူး။
၁၀။ တစ်ခုခုဆို ငါလုပ်ထားတာ၊ အဆင်ပြေမှာ၊ တစ်ခြားသူမှ မဟုတ်တာလို့ ဘယ်တော့မှမတွေးဘူး။ နေရင်းထိုင်ရင်း သွေးနာထင်ရောက်တဲ့ အတွေးတွေ မရှိတတ်ကြဘူး။
Ref:yourtango
Credit; orginal writer