Business Marketing

ထက်မြက်တဲ့ အမျိုးသမီးများထံမှာ မတွေ့ရသည့်ပူပန်စိတ်များ

Read 3958 times
ထက်မြက်တဲ့ အမျိုးသမီးများထံမှာ မတွေ့ရသည့်ပူပန်စိတ်များ

လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်မရှိခြင်း

ထက်မြက်တဲ့အမျိုးသမီးများဟာ သူတို့မှာပြီးပြည့်စုံပြီးလှပမှုမရှိတဲ့ခန္ဓာကိုယ်နဲ့ပတ်က်ပြီး စိုးရိမ်လေ့မရှိသူများပါ။ ဒါတွေဟာ သူတို့ရဲ့အရည်အချင်းတွေ၊ ထက်မြက်မှုတွေကို မဖော်ပြနိုင်ဘူးလို့ ခံယူထားတာကြောင့်ပါ။

Social Media

ထက်မြက်တဲ့ အမျိုးသမီးများလည်း Socail Media များကိုအသုံးပြုကြပါတယ်။ သို့သော်like,comment,share တွေနဲ့ပတ်သက်ပြီး သူတို့စိုးရိမ်လေ့မရှိကြပါဘူး။ social mediaမှလူတွေရဲ့ ဝေဖန်မှုတွေက သူတို့ရဲ့ဘ၀မဟုတ်ဖူးလို့ ယူဆထားသူတွေပါ။

Fashion

ဖက်ရှင်ဆိုတာတော့ အမျိုးသမီးအားလုံးစိတ်ပါဝင်စားတဲ့ အရာတစ်ခုပါ။ သို့သော်ထက်မြက်တဲ့ အမျိုးသမီးတွေကတော့ နောက်ဆုံးပေါ် ဒီဇိုင်းအသစ်များကိုမ၀တ်ရ၍ စိုးရိမ်ပူပန်ကြမည့်သူများမဟုတ်ပါ။

သူတို့ကို သက်သောင့်သက်သာဖြစ်စေပြီး၊ယုံကြည်မှုရှိစေသည့် အ၀တ်အစားတွေကို ၀တ်ဆင်ရတာကို ကြိုက်နှစ်သက်သူတွေပါ။

ရှေးရိုးစွဲအယူအဆတွေ

ထက်မြက်တဲ့ အမျိုးသမီးများစုဟာ ရှေးရိုးစွဲအယူအဆများထဲမှာပဲ ရှင်သန်ရတာကို ကြိုက်နှစ်သက်သူတွေ မဟုတ်ပါ။

အသစ်သစ်သောစိန်ခေါ်မှုတွေကို လက်ကမ်းကြိုနေပြီး အမှန်တရားတစ်ခုအတွက် တစ်ယောက်တည်းဖြစ်နေရင်တောင် စိုးရိမ်မှုမရှိရင်ဆိုင်နိုင်သူတွေပါ။

အတိတ်ကအမှားတွေ

အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အရာတွေက လက်ရှိအချိန်ကို အဆုံးအဖြတ်မပေးနိုင်ဘူးလို့ သူတို့လက်ကိုင်ထားပါတယ်။

ဖြစ်ပျက်ခဲ့တာတွေကို စိုးရိမ်မယ့်သူများမဟုတ်သလို ၀န်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ သိမ်းဆည်းမည့်သူများမဟုတ်ပါ။

Source;davidwolfe