Tips

Student Entrepreneurs တွေ လုပ်ဆောင်သင့်တဲ့ အချက် (၄) ချက်

Read 2122 times
Student Entrepreneurs တွေ လုပ်ဆောင်သင့်တဲ့ အချက် (၄) ချက်

အချို့ဆိုရင် သူတို့ရဲ့ စီးပွားရေးဘက်ကို အာရုံစိုက်လုပ်နိုင်ဖို့အတွက် ကျောင်းထွက်သည်အထိတောင် ရှိနေပါတယ်။ ဒါပေမဲ့ အများစုကတော့ ကျောင်းကိုပဲ ရွေးချယ်လိုက်တာတွေလည်း ရှိကြပါတယ်။

ကျောင်းတက်ရင်း ကုမ္ပဏီထောင်မယ်ဆိုရင် လုံလုံလောက်လောက် ကြိုးစားအားထုတ်ဖို့ဆိုတာ သိပ်ကို ခက်ခဲပင်ပန်းလှပါတယ်။ နှစ်ခုလုံးတစ်ပြိုင်တည်းလုပ်ဖို့ဆိုတာ အန္တရာယ်သိပ်များပါတယ်။ အဲဒီလိုလုပ်မယ့်အစား student entrepreneurs လို့ခေါ်တဲ့ ကျောင်းသားစီပွားရှင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ နှိုင်းယှဉ်ပြီး အားလပ်ချိန်ကို လျှော့ချပစ်ဖို့ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

ပြီးတော့ သူတို့အနေနဲ့ ဂရုမစိုက်နိုင်ဘူးဆိုရင်လည်း သူတို့ရဲ့ ပညာရေးဘက်မှာ ဒုက္ခရောက်သွားပါလိမ့်မယ်။ ဒါဆို အဲဒီနှစ်ခုကို ဘယ်လို ချိန်ညှိကြမလဲ။ တချို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အတွေးအခေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မပျက်မကွက် plan ချပါ

စီးပွားရေးလုပ်ငန်းတစ်ခု run တယ်ဆိုတာ မည်မည်ရရ plan ဆွဲထားခြင်းမရှိဘဲ လေ့လာရင်း လုပ်မယ်ဆိုရင် ကောင်းကောင်းလုပ်နိုင်ဖို့ သိပ်ခက်ပါတယ်။ ဘယ်လမ်းကြောင်းတွေကနေ ဘယ်လိုလျှောက်မလဲ၊ စာလေ့လာချိန်ကို ဘယ်လိုထားမလဲဆိုတာတွေကို ကျောင်းသားတွေ သေချာဂရုစိုက် စဉ်းစားသင့်တယ်။

၂။ သင့်ရဲ့ဦးစားပေးကိစ္စတွေကို သိပါ

စာလေ့လာချိန်နဲ့ စီးပွားရေးလုပ်ငန်း ချိန်ညှိကြတဲ့အခါ ဦးစားပေးအရာတွေကို ထိန်းထားနိုင်ခြင်းကလည်း အရေးကြီးပါတယ်။ သင့်အနေနဲ့ လက်ရှိ ဘယ်အရာက ဦးစားပေးကိစ္စလဲဆိုတာ သိနေဖို့လိုပါတယ်။

ပထမဆုံးအကြိမ် ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီဖြစ်လာတဲ့ Microsoft

၃။ အချိန်များများရအောင်လုပ်ပါ

ပျင်းရိခြင်းနဲ့ အချိန်တွေကုန်ဆုံးနေမယ့်အစား၊ ဒါမှမဟုတ် ဂိမ်းကစားနေမယ့်အစား အချိန်များများရအောင် လုပ်ပါ။ ကျောင်းသားတွေအနေနဲ့ အဲဒီအချိန်တွေကို အိမ်စာတွေ မီအောင်လုပ်ဖို့အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့စီးပွားရေးနဲ့ ပတ်သက်တာတွေ စစ်ဖို့ သုံးသင့်ပါတယ်။

၎။ နုပျိုမှုတွေကို ပညာရှင်ဆန်ဆန်ပြုမူပါ

စီးပွားရေးတစ်ခုရဲ့ ဆွဲဆောင်မှုမှာ မထင်မှတ်ဘဲကြုံလာတတ်တဲ့ အန္တရာယ်ဟာ လူကနုပျိုနေရင် တချို့က တည်ကြည်လေးနက်မှုမရှိ ဖြစ်တတ်ပါတယ်။

Source Duwun
Myanmar Advertising Directory