Life Hacks

အောင်မြင်ဖို့အတွက် အဓိကအချက်(၃) ချက်

Read 1737 times
အောင်မြင်ဖို့အတွက် အဓိကအချက်(၃) ချက်

နားမလည်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါ တယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ ထီထိုးသလို ရောက်ရှိလာမယ့်အချိန်ကို စောင့်မျှော်နေရတဲ့အရာ မဟုတ်ပါဘူး။

အောင်မြင်မှုဆိုတာ ရည်မှန်းချက်ပန်းတိုင်လို အချိန်တွေ၊ နေရာတွေ ရွေးချယ် ချမှတ်ပြီး လုပ်ယူရမယ့် အရာလည်း မဟုတ်ပါဘူး။ နေ့စဉ်လုပ်ဆောင်နေရမယ့် အရာဖြစ်ပါတယ်။ အောင်မြင်မှု အစစ်အမှန်ကို ရချင်တယ်ဆိုရင်တော့ နေ့တိုင်း၊ အချိန်တိုင်း အောင်မြင်အောင် လုပ်ဆောင်နေရမယ်။ ဒါဆို ကျွန်တော်တို့တွေ ဘာတွေကို ဘယ်လိုလုပ်ဆောင်ကြရမလဲ။ အောက်မှာ လမ်းစဉ်တွေထဲက အဓိကကျတဲ့ (၃)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့စဉ် တိုးတက်မှုရအောင်လုပ်

အောင်မြင်မှုဆိုတာ ဆည်းပူးမှုတွေ၊ စွမ်းဆောင်မှုတွေနဲ့ တိုက်ပွဲတွေကနေ ရောက်ရှိလာတဲ့အရာ မဟုတ်ဘူး။ အောင်မြင်မှု ဆိုတာ တိုးတက်မှုရဲ့ ရလဒ်တစ်ခုသာဖြစ်ပါတယ်။ အကယ်၍ သင်သာ တစ်ရက်တစ်ရက်ကို နည်းနည်းချင်း တိုးတက်မှု ရှိအောင် လုပ်ဆောင်နေမယ်ဆိုရင် သင့်ဘဝရဲ့ ရလဒ်ကောင်းတွေကို မကြာခင်မှာပဲ တွေ့မြင်ခံစားရပါလိမ့်မယ်။

၂။ ဖြစ်ရပ်တွေထက် ဖြစ်စဉ်တွေက တန်ဖိုးရှိတယ်

တိကျခိုင်မာတဲ့ ဘဝဖြစ်စဉ်တွေဟာ ဆုံးဖြတ်ချက်ချရာမှာ အသုံးတည့်လှပါတယ်။ ဒါပေမဲ့ အဲဒါတွေက ခိုင်မာတဲ့ တန်ဖိုးတွေနဲ့အတူ ပြောင်းလဲ ကြီးထွားနေတဲ့ ဖြစ်စဉ်တွေသာ ဖြစ်ကြပါတယ်။ အကယ်၍ သင်က နောက်ထပ် level တစ်ခုကို သွားချင်တယ်ဆိုရင်လည်း ဆက်ပြီး တိုးတက်ကောင်းမွန်နေအောင် ကြိုးစားပေးရမယ်။

၃။ ဈာန်ဝင်အောင်စောင့်မနေနဲ့

ဘတ်စကက်ဘောပညာရှင် Jerry West ပြောခဲ့တာရှိတယ်။ “စိတ်ပါမှ တစ်ရက်တစ်လေလောက် ထလုပ်ရုံနဲ့ ဘဝကို အများကြီး ပြီးမြောက်သွားဖို့ မမျှော်လင့်ပါနဲ့” တဲ့။ တက်လမ်းရှိတဲ့ လူတွေဟာ ကိုယ်တိုင် motivate ပြန်လုပ်တယ်။ ဘဝအတွက် အကောင်းဆုံးတွေကိုပဲပေးတယ်။ သူတို့ ခံစားချက် ဘယ်လိုဖြစ်နေတယ်၊ ဘယ်လိုရှိနေတယ်၊ mood ဝင်တာတွေ မဝင်တာတွေ ဂရုမစိုက်ဘူး။ အောင်မြင်ဖို့အတွက် အပတ်တကုတ် ကြိုးစားကြတယ်။

Source: sayar.com