V-8 motor ကိုအရမ်းတီထွင်ချင်ခဲ့ပါတယ်။ V-8 motor ဟာ သူ့ရဲ့ ဖန်တီးမှု တွေထဲက မှ အအောင်မြင်ဆုံးတစ်ခုဖြစ်ခဲ့တာပါ။
V-8 motorဆိုတာ Cylinder နှစ်တန်းကို V ပုံသဏ္ဍန် အပြိုင်လုပ်ထားပြီး Cylinder နှစ်တန်းကို V ပုံသဏ္ဍန် ဆင်ထားတာဖြစ်ပါတယ်။
4 လုံးတွဲ Cylinder နှစ်တန်းကို V ပုံသဏ္ဍန် အပြိုင်လုပ်ထားပြီး Crankshaft တစ်ခုထဲ အသုံးပြု ထားတာ ဖြစ်ပါတယ် 1932 မှာ V-8 motor ကို Ford ဟာ မိတ်ဆက်ခဲ့ပြီး
အတော်လေးအောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့လို မအောင်မြင်ခင်မှာ သူဘာတွေတွေ့ကြုံခဲ့ရတယ်ဆိုတာ ခဏလောက်ကြည့်ရအောင်……………
Ford ဟာ ဒီ V-8 ကို စာရွက်ပေါ်မှာ အရင်ဆုံး ဒီဇိုင်းဆွဲ ခဲ့ပြီး အင်ဂျင်နီယာအဖွဲ့ကိုပြခဲ့ပါတယ်။ အဖွဲ့ဝင်အားလုံးက တညီတညွတ်ထည်းပဲ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုခြင်းကို ခံခဲ့ရပါတယ်။
Cylinder(8)လုံးကို တစ်နေရာထဲမှာ အင်ဂျင်တစ်ခုအဖြစ် ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အားလုံးကထင်မြင်ချက်ပေးကြပါတယ်။ Ford ရဲ့ အင်ဂျင်နီယာအဖွဲ့ကလည်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ အဲ့ဒီ အခါ Ford က
ရအောင်လုပ်ကြ ---- မရမချင်း အချိန်ဘယ်လောက်ကုန်ကုန် အဲ့ဒါ အပေါ်မှာပဲ အာရုံစိုက်ပေးကြ လို့ စကားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
နောက်ဆုံးတော့ အင်ဂျင်နီယာတွေလည်း မတတ်သာတော့ပဲ Ford ခိုင်းတဲ့အတိုင်းသာ လုပ်ကြရတော့တယ်။ အဲ့လိုနဲ့ 6 လကုန်ဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့
ဘာမှထူးမလာပါဘူး။ နောက်ထပ် 6 လ ထပ်ကုန်သွားခဲ့ပြန်ပါတယ်။ ဘာမှလဲဖြစ်မလာတော့ အင်ဂျင်နီယာတွေကလည်း ရသမျှ နည်း တွေနဲ့ ခေါင်းခြောက်အောင်
စဉ်းစားကြတယ်။ ဘယ်လောက်ပဲစဉ်းစားပါစေ ဘာမှဖြစ်မလာတဲ့အတွက် အင်ဂျင်နီယာတွေက ဖြစ်မှမဖြစ်နိုင်တာလို့ထင်ခဲ့ကြတယ်။ နှစ်ကုန်သွားတဲ့ ချိန်မျာတော့ Ford က အင်ဂျင်နီယာတွေကို
အခြေအနေဘယ်လိုရှိလဲဆိုတာ ကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Ford က ဆက်လုပ်ကြကွာ ငါအဲ့ဒါကို လိုချင်တာ ငါ အဲ့ဒါကို ရကိုရရမယ် ဆိုပြီးပြောခဲ့ပါတယ်။ နောက်တော့ အင်ဂျင်နီယာတွေလည်း
မတတ်သာတောပဲ ဆက်လုပ်ကြ၇ပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အင်ဂျင်နီယာတွေလည်း နည်းလမ်း ရှာတွေ့သွားခဲ့ ကြပါတယ်။ ဒီလိုနဲ့ Ford ရဲ့ V-8 mortor ဟာလည်း ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။
ဒီ အကြောင်းအရာလေးကနေ ဘာသင်ခန်းစာတွေ ရလိုက်လဲ။ သမိုင်းမှာ အောင်မြင်ခဲ့တဲ့ လူတိုင်းဟာ သူတို့လိုချင်တဲ့အရာ အပေါ် ယုံကြည်မှု ပြင်းထန်လွန်းကြပါတယ်။ သူတို့လိုချင်တဲ့ အရာ တွေရဖို့
ခက်ခဲမယ်ဆိုတာလက်ခံထားကြပြီး အဲ့ဒီ အခက်အခဲတွေကို စိတ်ရှည်ရှည်၊ ယုံယုံကြည်ကြည်နဲ့ ကျော်ဖြတ်တတ်ကြပါတယ်။ သူတို့ စိတ်ကူးအိမ်မက်တွေ အပေါ်မှာ ရူးသွပ်ကြပါတယ်။ တစ်နည်းနဲ့ မရရင်
အခြားတစ်နည်းနဲ့ ရအောင်ယူတတ်ကြတဲ့ အကျင့်ရှိသူတွေပါ။ Burnning Desire လို့ခေါ်တဲ့ ပြင်းပြတဲ့ စိတ်ရှိကြပါတယ်
Read- အသက်၄၀မှ စာအုပ်လက်ပွေ့ရောင်းကာ အချမ်းသာဆုံး လုပ်ငန်းရှင်ဖြစ်လာသူ
Credit;Moe Shin(I.M.T)