Life Hacks

ကိုယ်ရောက်လိုတဲ့နေရာအတွက် ကိုယ်တိုင်လမ်းဖောက်ပါ

Read 355 times
ကိုယ်ရောက်လိုတဲ့နေရာအတွက် ကိုယ်တိုင်လမ်းဖောက်ပါ

အောင်​မြင်​သူတိုင်းဟာ လွယ်​လွယ်​​နဲ့​တော့ မရကြဘူး။ အောင်​မြင်​မှုနဲ့ ထိုက်​တန်​တဲ့ ​ပေးဆပ်​မှု​တွေ၊ စိန်​​ခေါ်မှု​တွေ ​ကျော်​ဖြတ်​ပြီးမှ ရလာခြင်းဖြစ်​တယ်​။

တောင်​​ပေါ်ရှု့ခင်း​တွေရဲ့ အလှကိုကြည့်ချင်​ရင်​ ​တောင်​ထိပ်​​ပေါ်တက်​ရသလို ဒီအလှတရား​တွေဟာလည်း ဒီလိုဖြတ်​​ကျော်​ရဲတဲ့ သူရဲ​ကောင်းတွက်​သာ ပိုင်​ဆိုင်​ခွင့်ရှိတာပါ။
သင်​ ဖြတ်​​ကျော်​ခဲ့တဲ့ လမ်းခရီးတ​လျှောက်​ဟာ လမ်းမှား​တွေရှိနိုင်​သလို လမ်းမှန်​ကို ပို့​ပေးသူ​တွေလည်း ရှိစမြဲပါ။
ဒါ​တွေဟာ သင်​အပန်း​ဖြေချိန်​မှာ​တော့ ပုံပြင်​ (story) တွေ ဖြစ်​လာမှာပါ။

ဒီအတွက်​ သင့်သမိုင်းကို သင်​​ရေးချိန်​…
– သင်​ဟာဘယ်​လိုလူလဲ?
– သင့် သမိုင်းဟာ လှသလား​၊ ကောင်းသလား?
– သင်​ ​ပြောပြ​နေတဲ့ သင့်​ပုံပြင်​ဟာ ရှည်​သလား၊ ​ကောင်းသလား?
– သင်​​သေသွား​သော်​လည်း သင့်​နာမည်​ကျန်​ခဲ့မလား?

ဒါ​တွေအားလုံးဟာ သင်​ခံယူထားတဲ့ သင့်ဘဝ အ​ဆောက်​အဦးပါ။ သာမန်​အားဖြင့် သင်​မလုပ်နိုင်​ မဖြတ်​​ကျော်​နိုင်​သေး​သော အရာ​တွေဟာ အကြိမ်​​အ​ရေအတွက်​ နည်းခြင်း​ကြောင့်​သာ ဖြစ်​ပါတယ်​။ မရနိုင်​ဘူးဆိုတာ မရှိပါဘူး…!
သင့်​ခံစားချက်​​တွေနဲ့ လုပ်​​ဆောင်​မှု​တွေ ထပ်​တူညီလာရင်​ သင့်အ​ပေါ် သက်​​ရောက်​မှု​တွေ ရှိလာမှာပါ။
ဒါ​ကြောင့် သင်​ စိတ်​ဓာတ်​မကျနဲ့။ သင်​ ​လျှောက်​လို​သောနေရာ သင်​ကိုယ်​တိုင်​ ​လျှောက်​ရမှာမို့…ပျင်းရိ မ​နေပါနဲ့။
ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်ရမှာမို့ ပျင်းရိမနေပါနဲ့တော့နော်…

Recommended for u- ကိုယ့်ကိုယ်ကို ယုံကြည်မှု

Source:socialmedia