Life Hacks

ကံကောင်းခြင်းနှင့် အောင်မြင်ခြင်း တိုးလာအောင်

Read 311 times
ကံကောင်းခြင်းနှင့် အောင်မြင်ခြင်း တိုးလာအောင်

 

() အခွင့်အရေးတွေကို မြင်တတ်ပါစေ

အခွင့်အရေးဆိုတာ အမြဲတမ်းပေါ်လာတတ်ပေမယ့် မြင်အောင်ကြည့်ပြီး အသုံးချတတ်မှ ရမှာပါ။ လူတိုင်းဘဝမှာ အောင်မြင်ဖို့ အခွင့်အရေးဆိုတာ ပျမ်းမျှအားဖြင့် ၆ ကြိမ်လောက် ပေါ်လာတတ်ပါတယ်။ ပထမဆုံးအကြိမ်က အသက်ငယ်လွန်းလို့ သတိမထားမိဘဲ ဖြစ်သွားတတ်သလို နောက်ဆုံးအကြိမ်ကတော့ သိသော်လည်း အသုံးချဖို့အတွက် အသက်ကြီးလွန်းနေတာမျိုးဖြစ်တတ်ပါတယ်။

ဒါပေမယ့် ကျန်တဲ့အခွင့်အရေး ၄ ကြိမ်ထဲမှာမှ ၁ ကြိမ်ကြိမ်ကိုသာ အမိအရ ဆုတ်ကိုင်လိုက်နိုင်ပါက သေချာပေါက် ကံကောင်းပြီး အောင်မြင်နိုင်ပါတယ်။

 

() တိကျတဲ့ ပန်းတိုင်ထားပါ

မိမိ ဘာဖြစ်ချင်သလဲ။ ဘာကို စိတ်ဝင်စားတာလဲဆိုတာ သေသေချာချာသိပြီး တိကျတဲ့ပန်းတိုင် ထားပါ။ အမြင်ကျယ်ကျယ် ထားပါ။ ထိုသို့ ဆိုပါက အခွင့်အရေး ရောက်လာသောအခါ အလွယ်တကူပင် သိနိုင်မှာပါ။ ပန်းတိုင်တိတိကျကျ သတ်မှတ်မထားပါက အခွင့်အရေးရသော်လည်း အခွင့်အရေးမှန်းမသိဘဲ လက်လွှတ်ခံရမှာပါ။

 

() အရှုံးကို လက်ခံပါ

အရှုံးဆိုတာက ကောင်းမွန်သော အရာမဟုတ်ပါ ။ လူတိုင်းဟာ အရှုံးဆိုတာကို မလိုချင်ကြပါဘူး။ များသောအားဖြင့် အရှုံးကိုလက်ခံဖို့ ငြင်းဆန်တတ်ကြပါတယ်။ အကောင်းဆုံးအမြတ်ကို မျှော်လင့်ပြီး လုပ်ဆောင်ပါ ။ အဆိုးဆုံး အရှုံးအတွက်လည်း ကြို ပြင်ဆင်ထားပါ။

 

 

Credit;Ayesay