သို့သော် တစ်ချို့လူနည်းစုကတော့ ကိုယ့်မှာရှိတဲ့အရည်အချင်းကို အထူးတလည်ထုတ်ဖော်ပြသစရာမလိုဘဲ အားလုံးကလေးစားအားကျမှုရရှိအောင် သူများထက်ခေါင်းတစ်လုံးသာအောင် စွမ်းဆောင်နိုင်ကြပါတယ် ။ ဘယ်လိုလူတွေက သူများထက်ခေါင်းတစ်လုံးသာနိုင်သလဲ။ ကျွန်တော်တို့ စဉ်းစားကြည့်ကြရအောင်။
စာဖတ်သူ
စာပေကို နှံ့နှံ့စပ်စပ် ဖတ်ရှုလေ့လာထားသူအများစုဟာ စကားပြောဆိုရာတွင်ဖြစ်စေ ၊ တွေးခေါ်မျှော်မြင်မှုအပိုင်းတွေမှာဖြစ်စေ သာမန်ထက်ပိုထူးခြားပြီး လူအများအပေါ်ဆွဲဆောင်နိုင်စွမ်းရှိကြပါတယ်။ စာဖတ်တယ်ဆိုတဲ့နေရာမှာ လူမှုကွန်ယက်ကစာတိုပေစလောက်ကို ဖတ်ရှုတာမျိုးမဟုတ်ဘဲ တကယ်အနှစ်သာရရှိသော စာကောင်းပေမွန်တွေနဲ့ရင်းနှီးကျွမ်းဝင်နေသူတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဘာသာစကားကျွမ်းကျင်သူ
ဘာသာစကားတစ်ခုကို အဆုံးတိုင်တက်မြောက်ခြင်းမရှိရင်တောင် စကားပြောဆိုတက်ယုံတော့လေ့လာထားသင့်ပါတယ်။ လူအများရှေ့မှာ ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုတတ်ခဲ့မယ်ဆိုရင်တော့ အထူးတလည်ပြောနေစရာမလိုအောင် သူများတွေကသင့်ကိုအားကျနေကြမှာပါ။ စနစ်တကျလေ့လာမယ်ဆိုရင်ယနေ့ခေတ်မှာ ဘာသာစကားတစ်ခုတက်မြောက်ဖို့အင်မတန်လွယ်ကူသွားပါပြီ။
Personalityကောင်းသူ
ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့ အတွက်အချိန်ပေးပြီး သင်တန်းတက်နေကြရတဲ့ခေတ်မှာ Personality ကောင်းသူတွေဟာလည်း အများရဲ့အလေးပေးမှုကိုရရှိစေနိုင်ပါတယ်။ ကိုယ့်ရဲ့သွင်ြ့ပင်လက္ခဏာ ချူချာနေရင် နှာခေါင်းရှုံ့ချင်သူတွေအများကြီးရှိနေသလို ၊ ကိုယ့်ရဲ့ဒီဇိုင်းက သူများထက်ပေါ်လွင်ပြီးစမက်ကျနေမယ်ဆိုရင် ငေးမောခံဖို့ကလည်းသေချာသလောက်ရှိပါတယ် ။အားနည်းချက်ကိုဖာထေးနိုင်ရင် သင်ပိုပြီး တောက်ပလာနိုင်ပါတယ်။
Professionalပီသသူ
ကိုယ့်အလုပ်အကိုင်ပေါ် အာရုံစူးစိုက်မှုရှိပြီး အမှန်တကယ်ကြိုးစားအားထုတ်နေသူတွေကို လူအများကအထူးနှစ်သက်ကြပါတယ် ။အောင်မြင်ခြင်းမအောင်ခြင်းကနောက်မှ ကြိုးစားနေတာမှန်ရင်ကိုနေရာပေးချင်ကြပါတယ်။ ကိုယ့်ဘက်ကလည်း သူတစ်ပါးအပေါ်လေးလေးစားစားပြောဆိုဆက်ဆံတတ်ဖို့ကအရေးကြီးပါတယ်။ ကိုယ့်အလုပ်ပေါ်သစ္စာရှိပြီး ၊ လူတွေကိုတန်ဖိုးထားခြင်းဟာ ခေါင်းဆောင်ဖြစ်လာဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။
ဟာသဥာဏ်ရှိသူတွေ
ဒီအချက်ကလည်း လူတွေမထင်မှတ်ထားသော်လည်း ဟာသဥာဏ်ရှိခြင်း ၊ အကောင်းမြင်တက်ခြင်းဟာ သာမန်လူတွေထက် ထူးခြားတဲ့အချက်ပါ။ ဟာသဥာဏ်ရှိခြင်းဆိုသည်မှာ ပေါ့ပျက်ပျက်စကားလုံးတွေနဲ့ ဗလက်ရွှက်တတ်ပြောဆိုနေခြင်းမဟုတ်ဘဲ တစ်စုံတစ်ခုသော ကိစ္စတွေပေါ်မှာ ဟာသအမြင်နဲ့ရှုမြင်တက်တာမျိုးဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဟာသဥာဏ်ရှိသူတွေကို လူတွေချစ်ကြပါတယ်။
တီထွင်ကြံဆသူများ
အတွေးအခေါ်ကောင်းကောင်းနဲ့ ထူးခြားတဲ့စွမ်းရည်တွေနဲ့ လူအများသတိမထားမိတဲ့အရာတွေကို ဖန်တီးပုံဖော်နေကြသူတွေကို သင်မြင်ဖူးပါလိမ့်မယ်။ ဒီလိုလူတွေဟာ သူတို့ရဲ့စိတ်ကူးစိတ်သန်းကို လက်တွေ့လုပ်ဆောင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ကိုလူအများက အားကျတယ် ၊ချီးကျူး ဂုဏ်ပြုကြတယ်။ စိတ်ကူးယဉ်နေသူတွေထက်စာရင် လက်တွေ့အကောင်အထည်ဖော်သူတွေဟာ ခေါင်းတစ်လုံးပိုသာလေ့ ရှိပါတယ်။
Recommended for u- ကိုယ့်ကိုယ်ကို ယုံကြည်မှု
လင်းမိုးစက် (Focus Youth)