ဒါပေမယ့် အသက်(၆)နှစ်အရွယ် ကောင်လေးတစ်ယောက်ကတော့ ဖခင်ရဲ့ လမ်းညွှန်မှုအောက်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်နိုင်နေပြီဖြစ်ပါတယ်။
ကောင်လေးနာမည်ကတော့ အမ်မက်ပါ။ အမ်မက်ရဲ့ဖခင်က အမ်မက်ကို ပိုက်ဆံနဲ့ပတ်သက်လို့ သိသင့်တဲ့အချက်တွေကို ရှင်းပြခဲ့တာပါ။
အမ်မက်က သူလိုချင်တဲ့စက်ဘီးဝယ်ပေးဖို့ ပူဆာတဲ့အခါ ကိုယ်လိုချင်တဲ့ပစ္စည်းကို ကိုယ်ပိုင်အစွမ်းအစနဲ့ ရအောင်ဝယ်ယူတတ်ဖို့ ဖခင်ဖြစ်သူက သင်ပေးခဲ့ပါတယ်။
ဖခင်ရဲ့ ပြောဆိုဆုံးမမှုတွေကြောင့် အမ်မက်လေးဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ဖို့ အမြင်ရလာခဲ့တာကို အောက်မှာတွေ့ရမှာပါ။
စက်ဘီးသစ်တစ်စီး လိုချင်နေတဲ့ အသက်(၆)နှစ်အရွယ် အမ်မက်ဖြစ်ပါတယ်။
မိဘတွေက အမ်မက်ကို ငွေကြေးအကြောင်း သင်ပြပေးပါတယ်။
စက်ဘီးဝယ်ဖို့ ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုရမယ်ဆိုတာကို ပြောပြခဲ့ပါတယ်။
ဖခင်က အမ်မက်ကို သူမကစားတော့တဲ့ အရုပ်ဟောင်းတွေကို ရောင်းချစေပါတယ်။ ထိုနေ့မှာတော့ အမ်မက်ဟာ ဒေါ်လာ(၇၀)ရရှိခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ နှင်းရေခဲမုန့်လုပ်တဲ့ စက်ကိုမြင်ပြီး အမ်မက်က ကိုယ်ပိုင်စီးပွားရေးလုပ်ချင်စိတ်ပေါ်တာနဲ့ စက်ဘီးမ၀ယ်တော့ပဲ နှင်းရေခဲမုန့်စက်ကို ၀ယ်လာခဲ့ပါတယ်။
အမ်မက်ရဲ့ မိဘတွေက စနေနေ့တိုင်းမှာ အနည်းဆုံးတစ်နာရီကြာအောင် နှင်းရေခဲမုန့်ရောင်းရမယ်ဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။
ပထမဦးဆုံး (၁၂)ဒေါ်လာကနေ (၁၇)ဒေါ်လာ (၂၅)ဒေါ်လာ စသဖြင့် ရရာကနေ တဖြည်းဖြည်းဝင်ငွေ တိုးလာပါတယ်။
စစချင်းရောင်းစဉ်မှာတော့ ရေခဲတစ်အိတ်၊ အရသာ(၃)မျိုးတို့နဲ့ စတင်ခဲ့ပါတယ်။
နောက်ပိုင်း စက်ဘီးဝယ်လို့ ပိုက်ဆံစုဆောင်းပြီးတဲ့အခါမှာ အမ်မက်ဟာ သူရဲ့စီးပွားရေးကို ချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နှင်းရေခဲမုန့်စက်ဝယ်ဖို့ ပိုက်ဆံစိုက်ထားတဲ့ ဖခင်ဖြစ်သူကို ပိုက်ဆံအကြေဆပ်နိုင်ခဲ့တဲ့အပြင် အခွန်အခတွေကိုလည်း အမ်မက်က သူကိုယ်တိုင်ပေးပါတယ်။
အခုဆိုရင် အမ်မက်ရဲ့ ဆိုင်မှာ အရသာ (၂၁)မျိုးရနေပြီဖြစ်ပြီး ဒေသကကျင်းပတဲ့ ပွဲတော်တွေမှာပါ နှင်းရေခဲမုန့်တွေ လာရောင်းဖို့ ဖိတ်ကြားခံနေရပါပြီ။
လတ်တလောမှာတော့ အမ်မက်ဟာ အောင်မြင်တဲ့ စီးပွားရေးသမားလေး ဖြစ်နေပေမယ့် သူ့အိပ်မက်ကတော့ စာကြည့်တိုက်ဆရာနဲ့ ကရာတေးဆရာဖြစ်ချင်တယ်လို့ ပြောပါတယ်။
အခုဆိုရင် အမ်မက်ဟာ ကောလိပ်တက်ဖို့ ပိုက်ဆံစုနေပါပြီ။
လူတွေကတော့ အမ်မက်ကို ငယ်ငယ်လေးနဲ့ စီးပွားရှာတတ်အောင် သင်ကြားပေးတဲ့အတွက် အမ်မက်ရဲ့ မိဘတွေကို ချီးကျူးနေကြပါတယ်ဗျာ...။
Recommended for you-သင်လိုချင်တာတွေရဖို့ ခက်ခဲနေတာလား?
Ref: Boredpanda