Marketing

Surrogate Advertising ကို ဘယ်လိုကုန်ပစ္စည်းတွေ အသုံးများလဲ

Read 1674 times
Surrogate Advertising ကို ဘယ်လိုကုန်ပစ္စည်းတွေ အသုံးများလဲ

ကုမ္ပဏီတစ်ခုရဲ့ အဓိက ထုတ်လုပ်ဖြန့်ဖြူး ရောင်းချတဲ့ ကုန်ပစ္စည်းက အရက်ဆိုပါတော့။ အရက်ကို တိုက်ရိုက်ကြော်ငြာလို့ မရတော့ အရံကုန်ပစ္စည်းအနေနဲ့ ရေသန့်တို့ အချိုရည်တို့ စတာတွေ ထုတ်လုပ်ပြီး ကုန်ပစ္စည်း အမှတ်တံဆိပ် အတူတူထားပြီး စားသုံးသူဆီရောက်အောင် ကြော်ငြာကြရတာမျိုးကို ဆိုလိုတာပါ။

အဲ့ဒီအရက်ကို သိနေတဲ့ လူတွေကတော့ ဒါအရက်ကုမ္ပဏီက ကြော်ငြာတာဆိုတာ တန်းသိပါတယ်။ မသိတဲ့လူတွေကတော့ ဆိုင်သွားမေးရင် “ ရေတို့ အချိုရည်တို့တော့ အဲ့ဒီနာမည်နဲ့ မရှိဘူး၊ အရက်တော့ ရှိတယ် ” လို့ ဆိုင်က အရောင်းဝန်ထမ်းက ပြောမှာ အသေအချာပါပဲ။

စီးပွားရေးတိုင်းအတွက် အရေးကြီးတဲ့ Market Research လုပ်မယ်ဆိုရင်...

Surrogate advertising ရဲ့ ရည်ရွယ်ချက်ကလည်း များသောအားဖြင့် Sales ကို တိုက်ရိုက်ရည်ရွယ်ပြီး ပစ်တဲ့မြှား မဟုတ်တာ များပါတယ်။ များသောအားဖြင့်တော့ ကိုယ့်ရဲ့ Brand Name ကို လူသိဖို့နဲ့ သိပြီးသားလူတွေကို Recall လုပ်ဖို့ အမြဲ မှတ်မိနေစေဖို့ လုပ်ကြတာပါ။

ဥပမာ - Royal Club Purified Drinking Water ဆိုပြီး ကြော်ငြာ တက်လာတာ တွေ့ပါလိမ့်မယ်။ အဲ့ဒါမျိုးကို ပြောတာပါ။ တကယ်တော့ သူက ရေကို အဓိကထားရောင်းနေတာ မဟုတ်သလို ရေရောင်းအားကို မြှင့်တင်ချင်လို့ ကြော်ငြာနေတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပါ။

နောက်တစ်မျိုး ဥပမာပေးရရင် မြန်မာဘီယာက Sport ကို Sponsor ပေးထားတာမျိုးပါ။ ဘောလုံးရာသီမှာ လူတော်တော်များများဟာ အဆိုတော်မျိုးကြီးဆိုတဲ့ မြန်မာ မြန်မာ မြန်မာတဲ့ဟေ့ ဆိုတဲ့ သီချင်းကို အလွတ်တွေကို ရလို့။ အောင်သူနဲ့ ရိုက်ထားတဲ့ ကြော်ငြာကို ကြည့်ရင်လည်း ဘီယာနဲ့တူတာ ဘာမှမပါဘူး။ နောက်ဆုံး မြန်မာဆိုတဲ့ စာသားရယ်၊ Logo ရယ် ဒါပဲပါတယ်။ ဒါပေမယ့် Myanmar Beer က ကြော်ငြာနေတာမှန်း လူတိုင်းသိတယ်။

ဟိုအရင် နှစ်တွေကဆို အင်္ကျီတောင်ထုတ်ပြီး အဆိုတော် မျိုးကြီးနဲ့ပဲ ကြော်ငြာထားတာတွေ တွေ့ဖူးမှာပါ။ အဲ့ဒါမျိုးကို Surrogate advertising လို့ ခေါ်ပါတယ်။ ဒီလောက်ဆို Surrogate Advertising ဆိုတာက ဘာကိုပြောတာလဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။

Source : Hsint Sanda ( Marketing Professional )