Life Hacks

လုပ်ငန်းခွင်မှာ ပြောင်းလဲသုံးစွဲသင့်တဲ့ စကား ( ၄ ) ခွန်း

Read 386 times
လုပ်ငန်းခွင်မှာ ပြောင်းလဲသုံးစွဲသင့်တဲ့ စကား ( ၄ ) ခွန်း

အဆင်မပြေတဲ့ စကားလုံး တချို့တလေ လွှတ်ခနဲ ပြန်ပြောမိတတ်ကြပါတယ်။ ဒီတော့ သင့်ရဲ့ အထက်လူကြီးတွေ စီနီယာတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုစကားလုံးတွေ ရွေးချယ် သုံးနှုန်းသင့်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

 

၁။ " အထင်တော့ " ဆိုတဲ့ စကားအစား “ အတွေ့အကြုံအရ " ဆိုပြီး ပြောင်းသုံးပါ။

လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တစ်ခုကို သုံးသပ်ခိုင်းတဲ့အခါ “ ကျွန်မ/ ကျွန်တော့် အထင်တော့ ” လို့ မပြောဘဲ “ ကျွန်မ/ ကျွန်တော့် အတွေ့အကြုံတွေအရ ဆိုရင်တော့ ” ဆိုပြီး သုံးနှုန်းပါ။ တစ်ဖက်သားရဲ့ အတွေးအခေါ်ကို သင့်အထင်နဲ့ တစ်ဖက်သတ် ဆုံးဖြတ်ပြောရာ မရောက်ဘဲ သင့်အတွေ့အကြုံတွေကို အခြေခံပြီး ပြောတာကြောင့် ခိုင်မာတယ်လို့ ယူဆသွားစေနိုင်ပါတယ်။

 

၂။ " ဟင့်အင်း " လို့ တန်းငြင်းမယ့်အစား " ဒီနေ့မှပဲ အလုပ်တွေ များနေတယ် " လို့ ပြောင်းသုံးပါ။

အထူးသဖြင့် ကိုယ့်ရဲ့ အထက်လူကြီးတွေ၊ စီနီယာတွေက မင်းကို အလုပ်ပိုတွေ လာခိုင်းတဲ့အခါမှာ “ ဒီနေ့ လုပ်နိုင်မှာ မဟုတ်ဘူး ” လို့ တခွန်းတည်း တန်းငြင်းလိုက်မယ့်အစား “ ဒီနေ့မှပဲ အလုပ်တွေက များနေလိုက်တာ ” “ ဟုတ်ကဲ့ အလုပ်လေး နည်းနည်းကျန်နေလို့ ပြီးမှ လုပ်ပေးလို့ ရမလား “ ဆိုပြီး ပြောင်းလဲ ပြောဆိုလိုက်ပါ။ ယတိပြတ် ငြင်းလိုက်မယ်ဆိုရင် ကြာတဲ့အခါ သင့်ကို သင့်စီနီယာတွေက အမြင်စောင်းသွားနိုင်ပါတယ်။

 

၃။ " မကြိုက်ဘူး " လို့ ပြောမယ့်အစား " မဆိုးပါဘူး၊ ဒါပေမယ့် သိပ်အဆင်မပြေဘူး " စသဖြင့် ပြောဆိုပါ။

အလုပ်ခွင် အစည်းအဝေးတွေမှာ တစ်စုံတစ်ယောက်က ကိစ္စတစ်ခုကို ထည့်သွင်း ဆွေးနွေးလာတဲ့ အခါမျိုးမှာ သင့်ကိုလည်း ဒါကိုဘယ်လိုထင်လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ သင့်စိတ်ထဲ မကြိုက်ပေမဲ့ လူအများကြားမှာ တိုက်ရိုက် ပြောရင် အဆင်မပြေနိုင်ပါတယ်။ အဲဒါကြောင့် “ အင်း ကောင်းတော့ကောင်းပါတယ်၊ ဒါပေမယ့် သိပ်အဆင်မပြေသေးသလိုပဲ ” “ မဆိုးပါဘူး၊ ဒါပေမဲ့ ဒီအချက်လေး ထပ်ထည့်လိုက်ရင်ရော “  “ ကျွန်မ/ ကျွန်တော့်အမြင်တော့ အဆင်ပြေတယ်၊ ဒါလေး ပြင်လိုက်ရင်တော့ ပိုကောင်းသွားမယ်ထင်တယ် “ စတဲ့ စကားလုံးလေးတွေ ပြောင်းလဲ သုံးနှုန်းကြည့်ပါ။

 

၅။ " ဒါ ငါ့အလုပ်မဟုတ်ဘူး " လို့ ပြောမယ့်အစား " ကြိုးစားပေးကြည့်မယ်လေ " ဆိုတာမျိုး ပြောင်းပြောပါ။

အခြားဌာန တစ်ခုခုကနေ သင်နဲ့မဆိုင်တဲ့ အလုပ်တစ်ခုကို လုပ်ပေးဖို့ အကူအညီ လာတောင်းတဲ့အခါ “ ဒါ ငါ့အလုပ်မှ မဟုတ်တာ၊ လုပ်မပေးနိုင်ဘူး ” လို့ ပြောမယ့်အစား “ ဒါ ကျွန်မ/ ကျွန်တော်တို့ ဌာနရဲ့ အပိုင်းမဟုတ်တော့ အဆင်တော့ သိပ်မပြေနိုင်ဘူး၊ လုပ်တော့လုပ်ပေးကြည့်ပါမယ် “ “ ကျွန်မ/ ကျွန်တော် ကြိုးစားကြည့်ပေးမယ်၊ အဆင်ပြေမပြေတော့ မသေချာဘူး ” လို့ စသဖြင့် ပြောပါ။ ဒီလို သုံးနှုန်းလိုက်တာက သူ့အတွက်လည်း စိတ်ကျေနပ်မှု ရရှိစေနိုင်သလို တကယ်လို့ သင်မစွမ်းဆောင်နိုင်ခဲ့ရင်လည်း ဒါဟာ နဂိုကတည်းက သင့်အပိုင်းမဟုတ်မှန်း ကြိုပြောထားပြီးပြီမို့လို့ နှစ်ဖက်စလုံး မျက်နှာပျက်စရာ မဖြစ်တော့ပါဘူး။

 

ဒီစကားလုံးလေးတွေကို ပြောင်းလဲ သုံးနှုန်းကြည့်မယ်ဆိုရင် သင်ဟာ လုပ်ငန်းခွင်မှာ အထက်လူကြီးတွေ စီနီယာတွေ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးနဲ့ အဆင်ပြေပြီး လူချစ်လူခင် ပေါများမှာ အမှန်ပါပဲ။

 

Ref: MensXP.com

Written by Su Mon Oo