Media & Advertising

ဆက်သွယ်ရေးဈေးနှုန်းမြင့်မားသော နိုင်ငံများတွင် ပါဝင်နေသော မြန်မာနိုင်ငံ

Read 1053 times
ဆက်သွယ်ရေးဈေးနှုန်းမြင့်မားသော နိုင်ငံများတွင် ပါဝင်နေသော မြန်မာနိုင်ငံ

 

GSMA အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အင်တာနက်ဆက်သွယ်ရေးကွန်ရက်ဈေးနှုန်း သတ်မှတ်ချက်များ အမည်ရှိ အစီရင်ခံစာအရ သိရတာဖြစ်ပါတယ်။

အဲဒီလို ဈေးနှုန်း မြင့်မားမှုဟာ မိုဘိုင်းချိတ်ဆက်ထိုးဖောက်မှုအတွက် အတားအဆီးဖြစ်နေကြောင်း၊

အခြေခံ အဆောက်အဦ လိုအပ်ချက်မှာ မြန်မာနိုင်ငံအနေနဲ့ အကြီးမားဆုံးရင်ဆိုင်ရတဲ့ အခက်အခဲဖြစ်ပြီး

အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ပါက မြန်မာနိုင်ငံက ရမှတ် ၃၆ မှတ်၊ ထိုင်းနိုင်ငံက ရမှတ် ၆၂ မှတ်ရရှိနေပြီး နှစ်ဆနီးပါး ကွာဟလျှက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ 2017 ခုနှစ်ကုန်ထိ နိုင်ငံလူဦးရေရဲ့ ၈၅ % ခန့်(၄၅သန်းခန့်) အတွက် 4G ကွန်ရက် ဖြန့်ကျက်လွှမ်းခြုံထားခြင်းမရှိသေးကြောင်း၊

4G ကွန်ရက်ဖြန့်ကျက်နိုင်မှုမှာ မြန်မာနိုင်ငံအနေနဲ့ ရမှတ် ၁၄ မှတ်သာရှိပြီး ထိုင်းနိုင်ငံက ရမှတ် ၉၈ မှတ်အထိ ရရှိထားကြောင်း ဖော်ပြထားပါတယ်ခင်ဗျာ...

Recommended for you-ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်လာတော့မည့် မြန်မာနိုင်ငံ

Source; internetjournal