Marketing

QR Code ပြတဲ့ ခရစ်စမတ်ဘိုးဘိုးကြီးကို ကန့်ကွက်သူ ၅၀၀၀ ကျော်

Read 3933 times
QR Code ပြတဲ့ ခရစ်စမတ်ဘိုးဘိုးကြီးကို ကန့်ကွက်သူ ၅၀၀၀ ကျော်

ကိုဗစ် ကာကွယ်ဆေး ထိုးပြီးပါကြောင်း QR Code ပြတဲ့ ခရစ်စမတ်ဘိုးဘိုးကြီးကို ကန့်ကွက်သူ ၅,၀၀၀ ကျော် ရှိခဲ့သော်လည်း ဗြိတိသျှ ကြော်ငြာ ကြပ်မတ်သူတို့က ကြော်ငြာစည်းကမ်းများ ချိုးဖောက်ခြင်းမရှိဟု အဆုံးအဖြတ် ပြုခဲ့ပါတယ်။

ဆူပါမားကက်များ ဖွင့်လှစ်တဲ့ Tesco အတွက် ခရစ်စမတ်ဘိုးဘိုးကြီးက ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာမှာ ဘိုးဘိုးကြီးက ဆေးထိုးပြီးသူများနှင့် မထိုးရသေးသူများကို ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲပြီး ကန့်ကွက်ခဲ့ကြတယ်။ Advertising Standards Authority ထံ တိုင်ကြားခဲ့ကြပါတယ်။
Advertising Standards Authority က စည်းကမ်းများ ချိုးဖောက်ထားခြင်းမရှိလို့ အရေးယူစရာ မလိုကြောင်း အဆုံးအဖြတ်ပြုပါတယ်။

Tesco ကြော်ငြာကို Bartle Bogle Hegarty ကြော်ငြာအေဂျင်စီက ဖန်တီးပါတယ်။

Queen ရဲ့ “Don’t Stop Me Now” သီချင်းကို အသုံးပြုထားပါတယ်။

ခရစ်စမတ်ပွဲ ဆင်နွဲဖို့ လူတွေ အခက်အခဲ အမျိုးမျိုး ကြုံရတာတွေ တင်ပြတယ်။ မီးပျက်တာ၊ ဆိုင်ပိတ်နေတာ၊ ခရစ်စမတ် ဘိုးဘိုးကြီး ကွာရင်တင်း ဝင်ဖို့ လိုအပ်တာ ။ ဘိုးဘိုးကြီးက သူကာကွယ်ဆေး ထိုးထားပြီးကြောင်း QR Code အထောက်အထား ပြသပါတယ်။ အနားမှာ ရှိနေသူတွေက ဩဘာပေးကြတယ်။

အဲဒီအတွက် ကာကွယ်ဆေး ထိုးဖို့ ဆန့်ကျင်နေသူတွေ မကျေမနပ်ဖြစ်ပြီး ကန့်ကွက်ကြတာ ဖြစ်ပါတယ်။