ကျွန်တော်တို့စိတ်ထဲက မနှစ်မြို့၊မနှစ်သက်သော လူတွေနဲ့ တွေ့ဆုံခဲ့လျှင်လည်း ရှောင်လွှဲမရသော အကြောင်းတရားတွေကြောင့် အလိုက်အထိုက်ပြောဆိုဆက်ဆံရမှုတွေတော့ ရှိလာမှာပါ။ တစ်ခါတစ်ရံ
“အပ်ဖြားတစ်ထောက်စာဆိုပေမယ့်၊ ဆပ်ပြာပူဖောင်းအတွက်တော့ဘ၀ပျက်စေတယ်” ဆိုတဲ့စာသာလေးအတိုင်း ဆပ်ပြာပူဖောင်းလေးရဲ ဘ၀ကိုပျက်စေနိုင်တဲ့ လူသားတွေနဲ့လည်း ဆုံတွေ့ရဦးမှာပါ။
တစ်ခါတစ်ရံ ကျွန်တော်အပါအ၀င် လူတော်တော်များများ ကိုယ်ကစိတ်ထဲမှာ ဘာမှမခံစားဘဲ လွှတ်ခနဲ ပြောလိုက်တဲ့ စကားတစ်ခုဟာ သူတစ်ပါးအတွက် စိတ်ထိခိုက်စရာ၊စိတ်နာစရာ ကိစ္စတွေဖြစ်ပျက်သွား နိုင်တယ် ဆိုတာသတိထားစေချင်ပါတယ်။
ဓါးချက်တစ်ချက်ကြောင့် သင့်ကိုသေစေနိုင်သလို၊ နှစ်လက်မလောက်ရှိတဲ့ လျှာကြောင့်လည်း လူကိုသေစေနိုင်တယ်ဆိုတာကို မမေ့လျော့စေချင်ပါဘူး။
သင်ကတာဝန်ယူလုပ်ဆောင်ပေးမယ်လို့ ပြောထားတဲ့ကိစ္စတစ်ခုရှိတယ်ဆိုရင် ဘယ်လောက်ပဲကိုယ့်အတွက် သေးငယ်အရေးမပါဘူးလို့ ထင်နေပေမဲ့လည်း သူတစ်ပါးအတွက်အသုံးဝင်နိုင်ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါးပျော်ရွှင်မှုတွေကို ဖျက်ဆီးသူတစ်ယောက်မဖြစ်စေပေါနဲ့။
ကိုယ်လုပ်ကိုင်ပေးရာရှိတဲ့ဟာကို မလုပ်ပေးဘဲ “မေ့သွားလို့” ဒီလိုပြောဆိုတာတွေကိုလည်း ကြားဖူး ခံစားဖူးမှာပါ။ ကိုယ်ကတော့မေ့သွားလို့ဆိုတဲ့ စကားလုံးတစ်လုံးနဲ့ပြီးသွားပေါမယ့်။ တစ်ဖက်သူမှာ ပူပန်မှု၊ သောကရောက်မှု၊ စိတ်ဓါတ်ကျမှု၊ မပျော်ရွှင်မှု ဒီလိုခံစားချက်တွေ ဖြစ်စေတယ်ဆိုလျှင် မကောင်းပါဘူး။
ဒါကြောင့်သင်လည်း အပ်ဖြားတစ်ထောက်စာလောက်ဆိုပြီး ဂရုမစိုက်၊ သတိမမူတာမျိုးတွေကို မပြုလုပ် မိအောင် ကြိုးစားနေထိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့နေထိုင်ရာ လူ့လောကကြီးရဲ့အကျည်းတန်မှုတွေကို လျှော့ချနိုင်ပြီး လောကကြီးကို အလှဆင်သူများဖြစ်နိုင်ကြမှာပါ။