Life Hacks

သင့်ကို နယ်မြေကန့်သတ်ထားနိုင်တာ သင်ကိုယ်တိုင်ပဲ ရှိတယ်!

Read 418 times
သင့်ကို နယ်မြေကန့်သတ်ထားနိုင်တာ သင်ကိုယ်တိုင်ပဲ ရှိတယ်!

ကျွန်တော်တော့ Skydiving Las Vegas နဲ့ အမြင့်ပေ ၁၅,၀၀၀ ကနေ Skydiving လုပ်ခဲ့ပါတယ် …

စိတ်ထဲမှာ စိုးရိမ်ရသလောက် အရမ်းကို ရင်ခုန်စရာ မမေ့နိုင်တဲ့ Activity ဖြစ်ပါတယ် …

ဒီရက်ပိုင်း လူက တော်တော်ပင်ပန်းနေပြီ …

မနှစ်ကတည်းက စာသင်တာများတာရယ် အစားအသောက်မှားတာရယ်နဲ့

လည်ချောင်းဖြစ်ထားတာ အရှင်းမကောင်းသေးလို့ အစားအသောက် ဆင်ခြင်နေရတာနဲ့ ဒီတစ်နှစ်လုံး လူကလည်း ပိန်နေတာ …

အိပ်ရေးပျက်တာပေါင်းတော့ မလွယ်ဘူး …

ဘယ်လိုဖြစ်ဖြစ် ဟိုရက်က Grand Canyon ကို ဟယ်လီကော်ပတာစီးပြီးတော့ ဒါလည်း လုပ်ကြည့်ချင်လာတာနဲ့ ၀ယ်လိုက်တာ …

Skydiving Las Vegas ကို ဘာလို့ရွေးဖြစ်လဲဆိုတော့ Review တွေ အရမ်းကောင်းတယ် … စိတ်ချရတယ် …

Service ရော Safety ရော ကောင်းကြောင်း ရေးကြတယ် …

ဒီကို နောက်လာချင်မှလည်း လာမှာ … လာရင်လည်း အချိန်ရချင်မှ ရမှာ …

အခုတစ်ရက် အချိန်ရတုန်း ငါဒါကို လုပ်သင့်တယ်လို့ မြင်လာတယ် …

Alcohol, Drug, Meal ၈ နာရီ မစားထားရဘူး … ရေတော့ သောက်လို့ရတယ် …

စုရပ်မှာ ဆုံပြီး Las Vegas ကနေ မိနစ် ၂၀၊ ၃၀ လောက် မောင်းရတဲ့ Boulder City Airport ကို ခေါ်သွားတယ် …

ကားပေါ်မှာ စာရွက်တွေပေးပြီး လက်မှတ်ထိုးခိုင်းတယ် …

အဓိကအားဖြင့်

အမေရိကန်မှာ တစ်နှစ်ကို Skydiving ၂.၂ သန်း လုပ်ကြတယ် ...

စာရင်းအရ နှစ်စဉ် ဒဏ်ရာရတဲ့သူ တစ်ထောင်လောက်ရှိပြီး ၃၀ လောက် အသေအပျောက် ရှိတယ် …

လူသေတဲ့နှုန်းက ၇၅၀၀၀ မှာ တစ်ယောက်လောက် ရှိတယ် …

Skydive လုပ်ရင်း တစ်ခုခုဖြစ်ခဲ့ရင် သူတို့တာဝန် မယူကြောင်း၊ အာမခံလည်း မရှိကြောင်း၊

ဒဏ်ရာရတာ အသက်သေဆုံးတာအထိ ဖြစ်နိုင်ကြောင်း အဲဒါတွေကို သိရှိကြောင်း လက်မှတ်ထိုးပေးရတယ် …

ရောက်တာနဲ့ သင်တန်းအရင်ပေးတယ် … လေယာဉ်ပေါ်ကဆင်းရင် လက်ကို ရင်ဘတ်ရှေ့မှာ ဘယ်လိုထားမယ် …

သူတို့ လက်မောင်းကို ပုတ်လိုက်ရင် ဘေးနှစ်ဖက်ကို ဖြန့်ပြီး ဘယ်လိုနေရမယ် …

Instructor ကို လုံးဝ မကိုင်ရဘူး … ခြေထောက်ကို နောက်ကို ကွေးထားရမယ် …

အောက်ကို ဆင်းရင် ခြေထောက်ကို မြှောက်ထားရမယ် စသဖြင့်ပေါ့ …

ကိုယ့်ဆန္ဒနဲ့ ခုန်တာဖြစ်ကြောင်း ဗီဒီယိုပါ ရိုက်ယူထားတယ် …

သင်တန်းပြီးတော့ ပစ္စည်းတွေ အကုန်ထားခဲ့ … အ၀တ်အစားလဲပေါ့ … ကိုယ်နဲ့ တွဲမယ့် Instructor ရောက်လာတယ် …

ခုန်ချတဲ့နေရာမှာ အဓိကကျတဲ့ ကြိုးတွေဘာတွေ သေချာတင်းပေးတယ် …

ကြောက်နေမှာစိုးလို့ Ice Breaking လုပ်တယ် …

ပြီးတော့ လေယာဉ်ဆီကို ခေါ်သွားတယ် …

လေယာဉ်မှာ တူတူခုန်မယ့်လူ ၇ ယောက်လောက်ရှိတယ် … လေယာဉ်ပေါ်မှာ ခပ်ကြပ်ကြပ်ပဲ လိုက်သွားရတယ် …

လေယာဉ်စီးတာ ၁၅ မိနစ်ဝန်းကျင်ကြာတယ် … မကြာခဏစကားပြောတယ် … နောက် ၅ မိနစ်ဆို ရောက်ပြီလို့ ပြောတယ် …

ခုန်ချခါနီး ခုန်ချင်တာသေချာကြောင်း ထပ်ဖြေရတယ် … ဘာမေးစရာရှိလဲတဲ့ …

အဲဒါနဲ့ သူနဲ့ ကိုယ်နဲ့ တွဲထားတော့ ခုန်ရတော့မယ်ဆိုတာ ဘယ်လိုသိမလဲမေးတော့ သူဓါတ်ပုံရိုက်ဖို့ ပြုံးခိုင်းမယ်တဲ့ …

ပြီးရင်ရော ဆိုတော့ ပြီးရင် "I Will Push You" ငါတွန်းချလိုက်မယ်တဲ့ …

လေယာဉ်ပေါ်ကနေ ပြုတ်ကျသွားတယ် … အမြင့်ပေ ၁၅,၀၀၀ ဆိုတော့ လေတွေက တအားတိုးတယ် …

Instructor ကို စိတ်ချနေတော့ ကြောက်တဲ့စိတ်တော့ သိပ်မရှိဘူး …

၁၀ စက္ကန့် ၁၅ စက္ကန့်လောက် လေဟုန်စီးပြီး နေရတယ် … ပြီးတော့မှ လေထီးကို ဖွင့်တယ် …

လေထီးပွင့်သွားတဲ့အချိန်ကတော့ အရသာ အရမ်းကို ရှိတာပဲ …

ဘ၀မှာ တစ်ကြိမ်တည်းနဲ့ မှန်ဖို့လိုတဲ့အထဲမှာ လေထီးဖွင့်တာပါတယ် …

အပေါ်စီးကနေ မြင်ကွင်းက အရမ်းလှတယ် … လေယာဉ်ပေါ်ကနေ ကြည့်ရတာနဲ့မတူဘူး …

စိတ်လှုပ်ရှားတာလည်း ပါမှာပေါ့ …

အောက်နည်းနည်းရောက်တော့ လေထီးကို ပုံစံတမျိုးနဲ့ ပြောင်းဖွင့်တယ် …

နောက်ဆုံးအောက်ကို အောင်အောင်မြင်မြင်နဲ့ ရောက်လာတယ် …

ခရီးစဉ်ကနေ သင်တန်း လေယာဉ်စီးတာ ခုန်တာ လေထီးစီးတာ အားလုံး ၃ နာရီလောက် ကြာတယ် …

ဒီအဖြစ်အပျက်ကနေ ရတဲ့ သင်ခန်းစာတွေကတော့

၁။ အရေးကြီးတဲ့ ကိစ္စတစ်ခုခု လုပ်တော့မယ်ဆိုရင် သေချာလေ့လာပါ။

၂။ တတ်ကျွမ်းတဲ့သူတွေဆီကနေ ဂရုတစိုက်နဲ့ သေချာသင်ယူပါ။

၃။ Instructor/ Coach ရဲ့ စကားကို အတိအကျလိုက်နာပါ။

၎။ ကြောက်ကြောက်နဲ့ပဲ လုပ်စရာ ရှိတာကို လုပ်ပါ။

ဘ၀မှာ ကြောက်စိတ်များ၊ စိုးရိမ်စိတ်များ၊ ကိုယ့်ကိုယ်ကိုယ်မယုံကြည်မှုများကို ကျော်လွှားပြီး

ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်များကို ရအောင် ယူနိုင်ဖို့/ ယူနိုင်အောင် ပံ့ပိုးပေးဖို့ သင်ခန်းစာတွေ ရပါတယ်။

ဒီလိုအတွေ့အကြုံမျိုး ၂၀၁၅ နှစ်ကုန်နဲ့ ၂၀၁၆ နှစ်ဆန်းမှာ YKKO ကနေ ထွက်တုန်းက ရခဲ့တယ် …

၉ နှစ်လောက် လုပ်လာပြီး ကိုယ်တိုင်လည်း ရှယ်ယာပါထားတဲ့ လစာရော

Image ရော ကောင်းတဲ့ Executive Director ရာထူးကနေ ကိုယ်ဝါသနာပါတဲ့ Coaching Business ကို မသေချာ မရေရာပဲ စဖို့ ပြင်ဆင်ခဲ့တယ် ...

သေချာတွက်ချက်ပြီး လုပ်ရင် စွန့်စားတာဟာ တန်ဖိုးရှိပါတယ် …

ကိုယ့်ကို တစ်ခုခုတော့ ပေးလိမ့်မယ် … အရေးကြီးတာက ကိုယ်စွန့်လွှတ်လိုက်ရတာအတွက် ပြန်ရတဲ့အရာက ပိုပြီး တန်ဖိုးရှိနေဖို့ပဲ ဖြစ်တယ် …

သင်ဖြစ်ချင်တာ တစ်ခုခုကို ဖြစ်အောင် လုပ်ခြင်းကနေ တားဆီဖို့ ကြောက်စိတ်အား ခွင့်မပြုပါနဲ့ …

သင့်အနာဂါတ်ကို သင်ဖန်တီးပါ ... သင့်ကို နယ်မြေကန့်သတ်ထားနိုင်တာ သင်ကိုယ်တိုင်ပဲ ရှိပါတယ် …

Recommended for you-သင့်စိတ်ဓာတ်ကို ကြံခိုင်စေမယ့် အချိန် ၁၀ မိနစ်!

Credit; naingwinaung