Advertising Agency

သင့်စီးပွားရေးကို Online မှာ ကြော်ငြာရန်အသင့်ဆုံးနေရာများ

Read 1345 times
သင့်စီးပွားရေးကို Online မှာ ကြော်ငြာရန်အသင့်ဆုံးနေရာများ

များကို အသုံးပြုလာကြပါတယ်။ ထိုသို့ Online Advertising ပြုလုပ်၍ ရသော Advertising Platform များအနက်မှ အထိရောက်ဆုံး Advertising Platform များကို Myanmar Advertising Directory စုစည်းတင်ပြပေးလိုက်ပါတယ်။

Facebook Advertising

Facebook Advertising ကို စီးပွားရေးလုပ်ငန်းများအတွက် ကြော်ငြာရွှေတွင်းကြီးလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ Facebook Platform ဟာ ကုန်ကျငွေနည်းပါးသလောက် အထိရောက်ဆုံးနှင့် အများဆုံး ပို့ဆောင်နိုင်သော Platform တစ်ခုဖြစ်ပါတယ်။ မိမိပေးချင်သော Message ကို ရုပ်ပုံ၊ ဗီဒီယိုစုံလင်စွာ ချပြနိုင်ပြီး Customer Awareness နှင့် Customer Recognition ကို အတိအကျရနိုင်သော နေရာပဲဖြစ်ပါတယ်။

Twitter Advertising

Twitter အသုံးပြုမှုဟာ မြန်မာနိုင်ငံမှာမတွင်ကျယ်သေးပေမယ့် နိုင်ငံတကာမှာ Twitter Platform ဟာလည်း အကောင်းဆုံး Platform တစ်ခုတည်းမှာ Twitter Advertising ဟာ အခြား Advertising Platform များထက် Customer ထံ သို့ အကြိမ်ရေများစွာပေးပို့ပေးနိုင်ပါတယ်။ အထူးသဖြင့် Twitter ဟာ Advertising အတွက် ပိုက်ဆံအနည်းငယ်သာရှိသည့် အသေးစားစီးပွားရေးများအတွက် အထောက်အကူပြုပါတယ်။ ထို့ပြင် Twitter မှ Small Business Advertising Program များကိုလည်း ထပ်မံပြုလုပ်ထားပါတယ်။

LinkedIn Advertising

LinkedIn ဆိုပါက အလုပ်အတွက် Professional အများစုအသုံးပြုတဲ့ Site တစ်ခုဖြစ်မှန်းသိပြီးသား ဖြစ်မှာပါ။ သင့်စီးပွားရေးဟာအထူးပြု Professional Clients များ အသုံးပြုထားရင်တော့ LinkedIn ဟာ Targeted အဖြစ်ဆုံး Platform တစ်ခုဖြစ်ပါလိမ့်မယ်။

Google Adwords

Google ဆိုကတည်းက ကမ္ဘာပေါ်မှာအကြီးဆုံး Search Engine တစ်ခုဖြစ်ကြောင်း သိပြီးသားဖြစ်ပါတယ်။ Google Adwords ထဲမှာမှ အကြီးဆုံး Platform တစ်ခုကတော့ (PPC) Pay Per Click Advertising ဘဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနှင့် မိမိတို့ကြော်ငြာလိုသော စာစုများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို Target People များစွာရှာလေ့ရှာထရှိသော Specific Keywords များ ချမှတ်ကာ ကြော်ငြာနိုင်ပါတယ်။

ထို့ပြင် Behavioural Targeting များပြုလုပ်ကာ အသုံးပြုသူဝင်ရောက်မည့် Website တိုင်းမှာလည်း Display Network အနေနှင့် ကြော်ငြာကာ Brand Awareness ရယူနိုင်ပါတယ်။