Outdoor Advertising

တန်ဖိုးအကြီးမားဆုံး Top 10 brand ကဘာတွေဖြစ်မလဲ?

Read 1953 times
တန်ဖိုးအကြီးမားဆုံး Top 10 brand ကဘာတွေဖြစ်မလဲ?

BrandZ မှ ထောင်ချီတဲ့ အရေအတွက် ရှိတဲ့ brand တွေကို စားသုံးသူ ဦးရေ ၃ သန်းဝန်းကျင်ကို မေးမြန်းပြီး တန်ဖိုး တွက်ချက်တဲ့ နည်းလမ်းများဖြင့် တွက်ချက် အဖြေထုတ်ပြီး ယခုလို ထုတ်ပြန်ကြေညာပေးတာ ဖြစ်ပါတယ်။

နှစ်စဉ် ကြေညာပေးခဲ့တာ ၁၂ နှစ် ရှိပါပြီ။

စာရင်းအပြည့်အစုံမှာ ထိပ်တန်း brand ၁၀၀ ရဲ့ စာရင်းကို ဖော်ပြပေးထားတယ်။

တစ်နှစ်နဲ့ နောက်တစ်နှစ် နှိုင်းယှဉ်တဲ့အခါ ထိပ်တန်း brand ၁၀၀ ရဲ့ စုစုပေါင်းတန်ဖိုးဟာ ယခုနှစ်မှာ ယမန်နှစ်ကထက် ၂၁ ရာခိုင်နှုန်း တိုးသွားတာ တွေ့ရပါတယ်။

စုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၄. ၄ ထရီလီယံ ဖြစ်ပါတယ်။ တိုးသွားတဲ့ တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာ ၇၄၈ ဘီလျံ ဖြစ်ပါတယ်။

ထိပ်ဆုံးနေရာ ၄ ခုမှာ Google, Apple, Amazon နဲ့ Microsoft တို့ နေရာယူထားကြပြီး Facebook က ဆဋ္ဌမနေရာမှာ ရှိပါတယ်။

Tencent က Facebook ကို ကျော်တက်ပြီး ပဉ္စမနေရာမှာ ရှိနေပါတယ်။ Alibaba က Top10 စာရင်းမှာ ယခုနှစ်မှ စတင်ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။

Top10 စာရင်းကို လုပ်ငန်းနယ်ပယ်အရ ကြည့်ရင် နည်းပညာ နယ်ပယ်မှ လုပ်ငန်း ၅ ခု ပါဝင်တာ တွေ့ရပါတယ်။ ငွေပေးချေမှုလုပ်ငန်း တစ်ခုနဲ့ စားသောက်ဆိုင် လုပ်ငန်း တစ်ခုတို့ကို လည်း တွေ့ရပါတယ်။

ဆက်သွယ်ရေးနယ်ပယ်မှ တစ်ခု ပါဝင်တာ တွေ့ရတယ်။ အွန်လိုင်းလက်လီအရောင်းဆိုင် လုပ်ငန်း နှစ်ခု ပါဝင်ပါတယ်။

အဲဒီ လုပ်ငန်း နှစ်ခုဖြစ်တဲ့ amazon နဲ့ Alibaba ဟာ လက်လီအရောင်းလုပ်ငန်းဆိုပေမဲ့ နည်းပညာကဏ္ဍကို အကြီးအကျယ် အသုံးပြုပြီး လုပ်ကိုင်နေကြတဲ့ လုပ်ငန်း ဖြစ်ပါတယ်။

အဲဒါကြောင့် Top10 စာရင်းကို နည်းပညာလုပ်ငန်းနယ်ပယ်က ကြီးစိုးထားတယ်လို့ ဆိုနိုင်ပါတယ်။

EMEA & Asia ရဲ့ CEO ဖြစ်သူ David Roth က “ဒီရေတက်ရင် သဘောင်္တွေ အကုန်လုံး ကြွတက်လာတယ်။

ဒါပေမဲ့ ကြီးထွားတဲ့ စီးပွားရေးကြောင့် brand အားလုံးကို တစ်ပြေးညီ မြင့်တက်မှာ မဟုတ်ဘူး။

ဘာကို တွေ့ရသလဲဆိုတော့ သန်မာတဲ့ brand တွေက ပိုကောင်းကောင်း လုပ်နိုင်ကြတယ်။

များသောအားဖြင့် ပိုကောင်းကောင်းလုပ်နိုင်တာကြောင့် ပိုပိုကောင်းသွားကြတယ်” လို့ သုံးသပ်ပြခဲ့ပါတယ်။

ထိပ်တန်း brand ၁၀၀ ရဲ့ စာရင်းဝင် လုပ်ငန်းတွေထဲမှာ ကြီးထွားနှုန်း အများဆုံးဟာ တရုတ် brand တွေဖြစ်ကြပြီး လက်လီအရောင်း မဟာလုပ်ငန်းကြီးများ ဖြစ်ကြတဲ့ JD.com (94%) နဲ့ Alibaba (92%) တို့ ဖြစ်ပါတယ်။

အဲဒီလို brand တွေအကြား ကြီးထွားနှုန်း ကွာဟမှုကို David Roth က အခုလို ဆက်လက်သုံးသပ်ပါတယ်။

“brand တွေအကြား ကွာဟနေတာ ပိုကျယ်လာနေတယ်။ တစ်မူထူးခြားတဲ့အပြင် ဆန်းသစ်တီထွင်မှု ပြုတဲ့ brands တွေက ပိုမြင့်တက်သွားတယ်။

ကြီးထွားနှုန်း ပိုမြန်ဆန်တယ်။ စီးပွားရေး ဒီရေမြင့်တက်တာ တစ်ခုတည်းအပေါ် အားကိုးအားထား ပြုတဲ့ brand ဆိုရင် စီးပွားရေး လှိုင်းလေထန်ရင် ဒဏ်မခံနိုင်ဘူး။

ကြီးထွားဖို့ အသာထား ဆက်လက်ရပ်တည်ဖို့တောင် အနိုင်နိုင် ဖြစ်ရတယ်။

ဒီတော့ တစ်မူထူးခြားမှုရယ်၊ ဆန်းသစ်တီထွင်မှုရယ် နှစ်မျိုးစလုံး ရှိနေရင်တော့ ကြီးထွားနှုန်း ဆတိုးပွားတယ်” လို့ သူကပြောခဲ့ပါတယ်ခင်ဗျာ...။

Recommended for you-Branding (သို့မဟုတ်) အမှတ်တံဆိပ်ကို တည်ဆောက်ခြင်း အနုပညာ

Ref: top 100 most valuable brands in the world announced

Myanmar Advertising Directory

link

http://www.marketing-interactive.com/top-100-most-valuable-brands-in-the-world-announced/