Digital Marketing

Facebook ပုံစံပြောင်းမည်

Read 2897 times
Facebook  ပုံစံပြောင်းမည်

Facebook ရဲ့ Classic မှာဆိုရင် နဂိုက ခလုပ် Logo လေးများပြ အပြာရောင် navigation ဘား တန်းလေး ထိပ်ဆုံးမှာပါပေမည့် လာမည့်စက်တင်ဘာလမှာ ၎င်း ဘားတန်းလေး ကို ထည့်သွင်းတော့မှာ မဟုတ်ပါဘူး။အဲ့ ပုံစံအစား ဘယ်လိုထူးခြား ပြည့်စုံတဲ့ ပုံစံကို ဘယ်လို ကိရိယာ တန်ဆာပလာဆင်သွားမယ်ဆိုတာကို Facebook support page ကနေပြီး ၎င်းတို့ ဒီဇိုင်းအသစ်ကို သိပ်မကြာခင်မှာ အသိပေးအသုံးပြုခွင့်ပေးသွားမယ်သိရှိရပါတယ်။

 

အပြောင်းအလဲကို စစခြင်းမှာ အသုံးမပြုတတ်သူတွေ နားလည်စေရန် ၂ ခုလုံး အသုံးပြုနိုင်ရန် စီစဉ်ပေးထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ စက်တင်ဘာလမှာတော့ အပြာရောင်ဘားတန်းနဲ့ web design ကလုံး၀ပျောက်သွားတော့မှာပါ။အဆိုပါ ဒီဇိုင်းအသစ်ကို ပြီးခဲ့တဲ့နှစ်က Facebook developer များ ညီလာခံမှာ မိတ်ဆက်ခဲ့ပါတယ် ထို့ပြင် IOS နဲ့ Andriod မှာပါ အသုံးပြုနိုင်ရန် စီမံနေကြောင်း ပြသခဲ့ပါတယ်။ပြီးခဲ့တဲ့ မတ်လမှာ ကွန်ပြုတာနဲ့ အသုံးပြုနိုင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

 

ဖေ့ဘုတ်မှ အသုံးပြုသူများအား အကြံပြုစာကောက်ခံနေပုံ 

 

လာမည့်စက်တင်ဘာလမှာ Facebook webdesign က ပိုမို အဆင့်မြင့်တင်ဖို့အတွက် ပြောင်းကိုပြောင်းမယ်သိရပါတယ်။ Facebook ရဲ့ Webdesign မှာ အတော်လေး ကြီးကြီးမားမား ပြောင်းလဲမှာပါ ပိုပြီး ရှင်းလာမယ် ပိုပြီး အဖြူရောင်နေရာ လွှတ်တွေပေါလာမှာဖြစ်သလို အဖြူ မကြိုက်သူတွေအတွက် Dark mode သီးသန့် အနက်ရောင် ထက်မံ ထုတ်လုပ်ပေးမယ်သိရပါတယ်။ထို့အပြင် Groups Features တွေရှင်းလင်းအောင်ဆောင်ရွက်ပေးထားမယ်သိရပါတယ်။

 

ထို့အပြင် Facebook’s Watch, Marketplace, နဲ့ Gaming sections စတာတွေကို ထိပ် ဘားတန်း နေရာမှာ ထားမယ်သိရပါတယ်။ အပြောင်းအလဲ အစမှာတော့ အရင်နဂိုမှုလ ပုံစံလို လူတွေက အသုံးပြုတာ ကျင့်သား မရသေးတာမို့ လိုအပ်ချက်တွေရှိအုံးမှာပါနောက်ပိုင်းမှာတော့ ပိုမို အဆင်ပြေ လာမယ်သိရပါတယ်။

 

Myanmar Advertising Directory 

 

Ref : The Verge