Global

Covid-19 အခြေအနေမှာ Brandတွေ သိထားသင့်တဲ့ communications

Read 2014 times
Covid-19 အခြေအနေမှာ Brandတွေ သိထားသင့်တဲ့ communications

 

ယခုနှစ် The Drumက ကျင်းပတဲ့ Can-Do ပွဲတော်ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ PR ဆုပေးပွဲမှာ အတွေ့အကြုံရှိသူတွေက လမ်းကြောင်းရဲ့ ခက်ခဲတဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ ထိုးထွင်းသိမြင်နိုင်အောင် သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။

 

ဒီကူးစက်ရောဂါကနေ ကျွန်ုပ်တို့အနာဂတ်မှာ ရှေ့ဆက်သွားမယ့် ကုန်အမှတ်တံဆိပ်တွေအနေနဲ့ ဘယ်လိုချမှတ်လုပ်ဆောင်ကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကုမ္ပဏီ၀န်ထမ်းတွေနဲ့ ၀ယ်ယူသူတွေကို ကြည့်ရှုစောင့်ရှောက်ရန် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြောဖို့က သူတို့ရရှိတဲ့အချိန်နဲ့ မလုံလောက်ပါဘူး။ ယခုအချိန်မှာ ကျွန်ုပ်တို့ ကိုဗစ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ အများကြီးပြောနေကြရပါတယ်။

 

"ကျွန်တော်တို့ဟာ communications team တွေ၊ လူတွေအနေနဲ့တွေ့ကြုံခဲ့ရတာတွေဆီကနေ သင်ယူစရာတွေအများကြီးရှိပါတယ်။ ဒီရောဂါ အကျိုးသက်ရောက်မှုကို လျှော့တွက်လို့ မရနိူင်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီလေ့လာမှုတွေ အားလုံးကို ရှေ့ဆက်ပြီး ကျွန်တော်တို့ရဲ့နည်းဗျူဟာတွေနဲ့ ပြန်လည်တွက်ချက်နိုင်ပါတယ်" လို့ Virgin မှ director of communications ဖြစ်သူ Tamara Bennett က ပြောပြပါတယ်။

 

"ကျွန်တော်တို့ဟာ အမြန်ပြန်ပြီး ပြင်ဆင်မှုနဲ့ တသမတ်တည်းဖြစ်ဖို့ အရေးကြီးပုံကို လေ့လာခဲ့ပါတယ်" လို့ အထူးအိုလံပစ်အပြည်ပြည်ဆိုင်ရာအကြီးတန်းဒုဥက္ကဌ Jason Teitler က ပြောပြခဲ့တယ်။ သူက ဆက်လက် ပြောကြားရာမှာ"ဖြစ်ပျက်မှုတွေက တစ်မိနစ်မှာ တစ်ကြိမ်ဖြစ်ပေါ်လာတာကြောင့် ကျွန်တော်တို့က အလျင်အမြန်စွာ ရွေ့လျားနေရပါတယ်။

 

ဒါ့ကြောင့် သင့်တော်တဲ့ ဘယ်လမ်းကြောင်းတွေကို ပထမဦးဆုံးသွားရမလဲဆိုတာနဲ့ ထိုသတင်းအချက်အလက်က ကျွန်တော်တို့နဲ့ ဘယ်လိုဆက်သွယ်နေတယ်ဆိုတာကိုဆုံးဖြတ်ဖို့ ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်" လို့ ပြေကြားခဲ့ပါတယ်။"ဒီအဖွဲ့ဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ အခြင်းအရာတွေ ရရှိအောင်၊ ရှင်းရှင်းလင်းလင်းနဲ့အတူ အသုံးပြုခွင့်ပေးဖို့လိုတယ်" လို့ Teitler ကဆက်လက်ပြောကြားပါတယ်။ "ပြီးတော့ကြိုတင်ပြင်ဆင်ထားပါ။

 

သင်က ရောဂါကူးစက်မှုကိုကြိုတင် မခန့်မှန်းနိုင်ပေမယ့် သတင်းအချက်အလက်တွေရှိနေခြင်းနှင့် ထူးကဲကောင်းမွန်တဲ့ စွမ်းရည်တွေရှိနေခြင်းက တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်တို့လုပ်နေတာတွေကိုကြည့်ပြီး ဘယ်လိုရှေ့ဆက်သွားဖို့ ပိုကြိုးစားနေသင့်လဲဆိုတာပဲဖြစ်ပါတယ်။""ဒီကိစ္စက မယုံနိုင်လောက်အောင် စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားစရာ အချိန်ပဲ။ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးသင်ခန်းစာကတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချဖို့ အချက်အလက်တွေကို အားကိုးဖို့လိုပါတယ်။

ဒါပေမဲ့ ဆက်သွယ်အသိပေးမှုနဲ့ စျေးကွက်ရှုထောင့်ကကြည့်ရင်တော့ ကျွန်တော်တို့လုံလောက်စွာ မလုပ်နိုင်ခဲ့ပါဘူး။ ဒီရောဂါဖြစ်ပွားမှုဟာ အဖွဲ့ကိုပိုပြီးတိကျခိုင်မာအောင်တွန်းအားပေးခဲ့တယ်လို့ တွေးနိုင်ပါတယ်။

 

ခွဲခြမ်းစိတ်ဖြာမှုတွေ ဘယ်လိုစဉ်းစားရမယ်ဆိုတာကို စဉ်းစားတဲ့အခါ ခွဲခြမ်းစိတ်ဖြာမှုနည်းတွေကို ပိုမိုလေ့လာဖို့အားပေးပါတယ်။ဒါက ကျွန်တော်တို့သေချာပေါက် ရှေ့ဆက်သွားနေမှာပါ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေမှာဖြစ်ပါတယ်" လို့ Oscar Health မှ head of marketing ဖြစ်သူ Jackie Khan က ပြောပြပါတယ်။

 

REF: The Drum