Digital Marketing

ဒီဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို ၂၀၂၁ ခုနှစ် မေလအထိ ဆက်လက်ဖွင့်လှစ်သွားမည်

Read 1650 times
ဒီဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို ၂၀၂၁ ခုနှစ် မေလအထိ ဆက်လက်ဖွင့်လှစ်သွားမည်

Go Digital ASEAN စီမံကိန်းရဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းမှာ ဒီဂျစ်တယ်ကျွမ်းကျင်မှုနဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေကို ဖန်တီးပေးမယ့် သင်တန်းတစ်ခု ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်ရှာဖွေနေတဲ့ အသက် ၁၈ မှ ၂၅ နှစ် လူငယ်များအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုသင်တန်း “Digital Literacy” ကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်။

စီမံကိန်းမှာ အာဆီယံ (၁၀) နိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် တို့မှ စွန့်ဦးတီထွင်သူများ၊ အလုပ်မရရှိသေးတဲ့ လူငယ်တွေနဲ့ အမျိူးသမီးများ အပါအဝင် ကျေးလက်ဒေသနဲ့ အခွင့်အရေးနည်းပါးတဲ့ ရပ်ရွာများမှ လူဦးရေ နှစ်သိန်း ကို သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။ အစီအစဉ်ကို Google ကုမ္ပဏီရဲ့ ပရဟိတဌာနခွဲဖြစ်တဲ့ Google.org ရဲ့ ပံ့ပိုးမှုနဲ့ အာရှဖောင်ဒေးရှင်းမှ မိမိ ဒေသတွင်းရှိ ကွန်ရက်တွေနဲ့ ပူးပေါင်းကာ အလိုအပ်ဆုံးသူတွေကို ဒီဂျစ်တယ်စွမ်းရည်သင်တန်းတွေ တိုက်ရိုက်ပေးသွားမှာဖြစ်ပါတယ်။

အာရှဖောင်ဒေးရှင်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA) အနေနဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အလုပ်အကိုင်ရှာဖွေသူ လူငယ် ၂၀၀၀ အား တာဝန်ယူသင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလ ၃ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာတွေကို https://forms.gle/JUxdcTCWYjAMda5d8 မှာရယူနိုင်ပါတယ်။ သင်တန်းကို Zoom Application နဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး အသေးစိတ်ကို ဖုန်း – ၀၉ ၂၅၄၈၀၃၇၇၀ နဲ့ ၀၉ ၄၅၀၆၂၇၂၂၆ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

သန္တာ