ဒီလို နာမည်တစ်လုံးရဖို့အတွက် အချိန်တိုအတွင်းမှာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့မှ ဟောင်ကောင်သူဌေးကြီး လီကာရှင်းဆိုပြီးဖြစ်လာတာပါ။ သူ့ကို ဇွန်လ ၁၃ ရက် ၁၉၂၈ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လီကာရှင်းရဲ့အဖေဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်မှာ တရုတ်ပြည်တောင်ပိုင်းမှ ဟောင်ကောင်ကို လီကာရှင်းတို့မိသားစု ထွက်ပြေးကြရင်းနဲ့ သူအဖေသေဆုံးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အသက် ၁၅နှစ်သာ ရှိသေးတဲ့ လီကာရှင်းဟာ မိသားစုတာဝန်ကို စတင်ထမ်းဆောင်ခဲ့ရပါတယ်။ သူအမေရဲ့ အိမ်စရိတ်အတွက် သူရှာလို့ရသမျှထဲက ၉၀% ကိုပေးပြီးထောက်ပံ့ခဲ့ပါတယ်။
လီကာရှင်းစတင်အလုပ်ဝင်ခဲ့တာကတော့ ပလတ်စတစ်စက်ရုံဖြစ်ပါတယ်။ အဲဒီမှာ အရောင်းသမားအဖြစ် လုပ်ဆောင်ခဲ့ပြီးသူရဲ့ကြိုးစားမှုကြောင့် ထိပ်တန်းအရောင်းသမား (၃) ယောက်ထဲမှာတစ်ယောက်အပါအဝင်ဖြစ်ခဲ့ရတယ်။ အဲ့ဒီနောက် မန်နေဂျာရာထူးကို တိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။
ဒီလိုတိုးတက်လာဖို့အတွက် သူဟာ တစ်ရက်ကို ၁၆နာရီ နှုန်းနဲ့ တစ်ပတ်ကို ၇ရက်၊ နားရက်မရှိ၊ နေ့စဉ် အလုပ်ကြိုစားခဲ့ရတယ်။ အသက် ၁၅နှစ်မှာ ဖခင်ဆုံးပါးသွာလို့ မိသားစုတာဝန်ကိုထမ်းဆောင်ခဲ့ရတဲ့ လီကာရှင်းဟာ ပညာရေးကိုပြီးမြောက်အောင် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးကာ ပညာသင်ယူခဲ့ပါတယ်။
Startup လုပ်ကိုင်မယ့်လူငယ်တွေ အခက်အခဲတွေရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းသင့်လဲ
စာရင်းအင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေကို အလုပ်လုပ်နေစဉ်အချိန်မှာပဲ ဖတ်ရှုပြီး ဆရာမပါပဲစာအုပ်ဖတ်၊ လေ့လာရုံသက်သက်ဖြင့် ကျွမ်းကျင်တတ်မြောက်ခဲ့ပါတယ်။ အသက် ၂၂နှစ်မှာတော့ ပလတ်စတစ်စက်ရုံတစ်ခုကို သူကိုယ်တိုင်စတင်တည်ထောင်ခဲ့ပါတယ်။ ပလတ်စတစ်ဟာ နောက်တစ်ချိန် ကမ္ဘာပေါ်မှာ လူသုံးများလာမှာကို သူကကြိုတင်ခန့်မှန်းခဲ့ပါတယ်။
ဒါကြောင့်ပဲ လီကာရှင်းဟာ ပလတ်စတစ်နဲ့ ပတ်သက်တဲ့ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပြီးအောင်မြင်မှုရရှိခဲပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေတွေကို လေ့လာပြီး အိမ်ခြံမြေနယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ပြန်ပါတယ်။ သူရဲ့ဝေဖန်သုံးသပ်ချက်များကမှန်ကန်တာကြောင့် စီးပွားရေးကိုကျင်လည်စွာ ကိုင်တွယ်တတ်မှုများကြောင့် အမြတ်ငွေပေါင်းများစွာ ရရှိခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူ့ရဲ့ စီးပွားရေးအင်ပါယာကြီးကို တိုးချဲ့ပြီး သူပိုင်ဆိုင်တဲ့ လုပ်ငန်းများစွာထဲကမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ သံမဏိလုပ်ငန်း၊ ဘဏ်နှင့် ဟိုတယ်လုပ်ငန်းစတဲ့ လုပ်ငန်းပေါင်းများစွာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။
အခုမိတ်ဆွေတို့အသုံးပြုနေတဲ့ Facebook ရဲ့ကနဦး ရင်းနှီးမြှုပ်နှံသူများထဲတွင် ပါဝင်ပြီး နာမည်ကျော် သူဌေးကြီးဂျက်မားရဲ့ အလီဘာဘာတွင်လည်း ငွေကြေးများစွာကို ရင်းနှီးမြှုပ်နှံထားသူ ဖြစ်ပါတယ်။ သူရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာ ၂၀၁၉ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ 31 Billion ရှိပါတယ်။ သူ့အမြဲတမ်း ပြောတဲ့ စကားတစ်ခွန်းကတော့" အလုပ်ပိုလုပ်ပြီး အမြတ်များများ ရအောင်ရှာ" ပါတဲ့။
Source; Htet Zan Linn
Myanmar Advertising Directory