လူတွေအကုန်လုံးရဲ့ အာရုံကလည်း ပုံမှန်ဆက်သွယ်တဲ့ ပုံစံကနေ digital ပိုင်းကို ပြောင်းလဲလာတဲ့အတွက် Printing ပိုင်းကိုခေတ်ကုန်ပီလို့ ထင်ကြပါတယ်။ သို့သော် supermarket တွေမှာ ရှိတဲ့ magazine တွေ၊ poster တွေ လမ်းမှာ မျက်မှန်းတန်းမိစေတဲ့ အရာတွေကိုကြည့်ရင် Printing ခေတ်က မကုန်သေးဘူးဆိုတာ သင်သတိထားမိမှာဖြစ်ပါတယ်။
Printing Service ဆိုတာဘာလဲ ???
----------------------------------------
ကြော်ငြာတစ်ခုကို စာရွက်ပေါ်မှာ သတင်းစာ,မဂ္ဂဇင်း,စာစောင်,လက်ကမ်းစာရွက်တွေ,ဗီနိုင်းပိုစတာတွေ၊ billbordများ၊ စတစ်ကာတွေနဲ့ အခြားအရာတွေပေါ်မှာ စိတ်ဝင်စားစရာ ကောင်းအောင် ပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ Printing Advertising မှာ ပြောက်ကျားကြော်ငြာများနှင့် Out Of Home advertising ဆိုပြီးရှိပါတယ်။
Print Advertising က သက်တမ်းဘယ်လောက်ရှိလဲ ဆိုတာတော့ ခန့်မှန်းဖို့ခက်ပါတယ်။ အစောပိုင်းအီဂျစ်ခေတ်ထဲက printing နဲ့ပတ်သက်ပြီး ဥပမာ များစွာရှိပါတယ်။ ၁၇ရာစုမှစ အင်္ဂလန်နိုင်ငံမှာ သတင်းစာတွေ လက်ကမ်းစာစောင်တွေကဲ့သို့ ကြေငြာခြင်း ပုံစံအမျိုးမျိုးကို တွေ့ရပါတယ်။
Print Advertising ရဲ့အနာဂတ်
-----------------------------------
Digital Media advertising တွေခေတ်စားလာပြီးတဲ့နောက်ပိုင်း သမာရိုးကျ ပုံမှန်ကြေငြာတာတွေလည်း နည်းလာပါတယ်။ ဒါဟာ Printing Advertising ပိုင်း မှေးမှိန်သွားတယ်လို့ ခံစားရပေမယ့် လုံးဝ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ မိမိရဲ့ Brand သို့မဟုတ် Services များအား Vinyl ,Sticker များနဲ့ Merchandising ပြုလုပ်ခြင်းဖြင့် ကြော်ငြာခြင်း ၊ Lightboxes , Billboards များနှင့် လူအများရဲ့ စိတ်ဝင်စားမှုရရှိအောင် လုပ်လို့ရပါတယ်။
Myanmar Advertising Guide