အဆိုပါ အေဂျင်စီက Instagram နှင့် တစ်နှစ်သက်တမ်းရှိသော စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း Instagram မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက CNET သတင်းဌာနသို့ ပြီးခဲ့သည့် သောကြာနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပေါင်းစပ် လုပ်ကိုင်ခြင်းမှာ Instagram အတွက် ပထမဆုံးအေဂျင်စီစာချုပ်ဖြစ်ခဲ့ပြီး တစ်လလျှင် သုံးစွဲသူသန်း ၁၅၀ ကျော် ရှိနေသည့် photo နှင့် video app ကို အကျိုးအမြတ် များစေမည့် လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲလိုသော Instagram ၏ လေးနက်သည့်ရည်ရွယ်ချက်ကို အလေးပေးဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။
Video Camera Hire/ Operators (ဗီဒီယိုကင်မရာဌားရမ်းခြင်းလုပ်ငန်းများ(၃၇၉)ခုကိုရှာရန်နှိပ်ပါ၊)
ယခု ပေါင်းစည်းလုပ်ကိုင်မှုစာချုပ်ကို AdAge က ဦးစွာ အစီရင်ခံဖော်ပြခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဖော်ပြချက်အရ Omnicom မှာ ၎င်းတို့၏ ဖောက်သည်များအတွက် Instagram ကြော်ငြာမှုတွင် ဒေါ်လာ သန်း (၁၀၀) အထိ သုံးစွဲသွားမည် ဖြစ်သည်။ မှတ်ချက်စကား တစ်စုံတစ်ရာအတွက် Instagram တာဝန်ရှိသူထံ တောင်းဆိုခဲ့ရာတွင် တန်ကြေး ဘယ်လောက် ရှိသည်ကို ပြောဆိုခဲ့ခြင်း မရှိပေ။
Instagram မှာ ၃ နှစ်တာ ကြော်ငြာခြင်းကင်းသော app အဖြစ် ရှိခဲ့ရာမှ ပြီးခဲ့သည့် နိုဝင်ဘာတွင် အမေရိကန် သုံးစွဲသူများအား ပြသခဲ့သော Michael Kors ထံမှ စပွန်ဆာဓာတ်ပုံ တစ်ခုနှင့်အတူ ကြော်ငြာခြင်းလုပ်ငန်းကို စတင်ခဲ့ဖြစ်သလို ပြီးခဲ့သည့် ဒီဇင်ဘာကလည်း Levi's နှင့် Ben & Jerry တို့လို ကြောငြာများဖြင့်လည်း စမ်းသပ်ခဲ့ဖူးသည်။
Read More>>>လူတွေက ကြော်ငြာကို မကြည့်ချင်ကြဘူး။ ဒီတော့ ဘယ်လိုလုပ်ကြသလဲ။
Credit; Net Guide