Business Marketing

ဘာသာစကားခြောက်မျိုးပြောဆိုနိုင်ပီး Flitto app(Translatoion app) ၏Founderတစ်ဦးဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား စွန့်ဦးတီထွင်သူ စီးပွားရေးလုပ်ငန်းရှင်

Read 1558 times
ဘာသာစကားခြောက်မျိုးပြောဆိုနိုင်ပီး Flitto app(Translatoion app) ၏Founderတစ်ဦးဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား စွန့်ဦးတီထွင်သူ စီးပွားရေးလုပ်ငန်းရှင်

 ၂၀၁၂ခုနှစ်မှာFlitto ကိုစတင်တည်ထောင်ခဲ့ပြီး။ လက်ရှိအချိန်မှာတော့ အာရှရဲ့ စွန့်ဦးတီထွင်သူ

စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်နေပါပြီ။

Flitto ဆိုတာ မိမိသိချင်သော ဘာသာစကားများ၊ အသံmessageများ၊ ကုန်အမှတ်တံဆိပ်များ အကြောင်းကိုလည်းဘာသာပြန်ဆိုပေးနိုင်သည့် Application တစ်ခုဖြစ်သည်။

မတူညီသည့် ဘသာစကား(၁၈)မျိုးအထိပြန်ဆိုပေးနိုင်သည်။

လက်ရှိတွင် Flitto app ကိုသုံးစွဲသူပေါင်း ကမ္ဘာတစ်ဝန်းတွင် ခုနှစ်သန်းကျော်လောက်အထိရှိနေပြီဖြစ်သည်။

Flitto ကိုတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ သူဟာနိုင်ငံပေါင်းများစွာမှာလည်း နေထိုင်ခဲ့ပီး ဘာသာစကားလေ့လာရတာကိုလည်း ကြိုက်နှစ်သက်သူဖြစ်သည်။

ထို့ပြင် ဘာသာစကားအတားအဆီးများ ကိုလည်းပြေလည်စေချင်သောကြောင့်ဖြစ်သည်။

Simon ဟာကုမ္ပဏီ မတည်ထောင်ခင် SK Telecom မှာ ပုံမှန်လခစားအနေနဲ့ (၄)နှစ်လောက် အလုပ်လုပ်ခဲ့သော်လည်း ကိုယ့်ရဲ့အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ချင်သည့် ဆန္ဒကြောင့် အလုပ်မှထွက်ပြီး ကြိုးစားခဲ့ခြင်းဖြစ်သည်။

Flitto ၏ထူးခြားချက်မှာ ဘာသာပြန်များကို ပုံသေခန့်ထားခြင်းမဟုတ်ဘဲ ဘာသာပြန်ဆိုရမည်များရှိပါက Flitto ကဖော်ပြပေးထားပီး မိမိကျွမ်းကျင်သောဘာသာသကားများကို ပြန်ဆိုပေးခြင်းဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်းဖြစ်သည်။

Flitto သည် လက်ရှိမှာတစ်နှစ်လျှင် ၀င်ငွေ(၂)သန်းကျော်ရရှိနေပြီဖြစ်သည်။

Source; The  Asian Entrepreneur