Tips

Logo တစ်ခုဘာကြောင့်ထားရှိသင့်လဲ

Read 1818 times
Logo တစ်ခုဘာကြောင့်ထားရှိသင့်လဲ

 

ဖောက်သည်တွေ က သင့်ရဲ့ လုပ်ငန်းအမှတ်တံဆိပ်ကို ချစ်ကြတယ် နှစ်သက်ကြတယ် တကယ်တော့ သင့်ပရိသတ်က သင့် Brand ကို နှစ်သက်ကြတာ ဒါကြောင့် သင့် လုပ်ငန်းအမှတ်တံဆိပ်လေးကို ကြော်ငြာ Logo ပိုင်းဆိုင်ရာ တီထွင်ဖန်တီးတဲ့ ဒါရိုက်တာ နဲ့ လှပပြီး သူမတူ အောင်လုပ်ထားသင့်တာပေါ့။

 

တကယ်တန်းက Logo ကြီးအောင်လုပ်ဖို့ ဆိုတာ ခပ်ကြီးကြီး Logo ကို ဆွဲနေစရာ မလိုပါဘူး အရမ်းကြီး size ကြီးနေမှ သင့် Logo ကိုလူတွေသတိထားမိမှာ မဟုတ်ပါဘူးလုံးဝသင့် Product ကကောင်းနေရင် သူ့တို့ ရင်ထဲ စွဲနေပါလိမ့်မယ် ဤကားစကားချပ် ပင်ဖြစ်သည်။

 

ဥပမာ အားဖြင့် Starbucks ရဲ့ လုပ်ငန်းအမှတ်တံဆိပ်ကို ကြည့်ပါ အရမ်းလည်း မရှုပ်သလို အရမ်းလည်း မရိုးရှင်းနေဘူးတကယ်တန်းမှာ သူ့ တန်ဖိုးနဲ့ သူရှိနေတယ်လို့ ပြောရမယ်။သင့်ရဲ့ ဖောက်သည်တွေက သင့် ကို အမြဲ သင့် Logo နဲ့ အတူတူသာတွဲမြင်နေမှာပါ။


Logo တစ်သက်မှတ်ထဲ ထားခြင်းကြောင့် သင့် လုပ်ငန်းကို မည်သို့ အကျိုးကျေးဇူးတွေရရှိမလဲ …

 

၁ အချက်ကတော့ First impressions ပေါ့ လူတွေက သင့်လုပ်ငန်းစု ကို အထင်ကြီးလေးစားမယ် လူမြင်သင့်တယ်စေမယ်လို့ မြင်တယ်။

 

၂ အချက်ကတော့ Draw new customers လူသစ်တွေကို အမာခံ ပရိသတ်အဖြစ် သင့် Logo နဲ့ စွဲဆောင်နိုင်တယ်အနည်းဆုံးတော့ သင့် Brand ကို မသိတဲ့ လူက Logo လေးမြင်သွားပြီးရင်တော့ စိတ်ထဲ ခိုးလိုးခုလုနဲ့ သိချင်လာမှာပဲလေ။

 

၃ အချက်ကတော့ Builds company personality လို့ ပြောလို့ ရမယ် ဒီ Logo လေးလှပါ့စွာ တည်ရှိနေမှု့ ဆိုတာက သင့်လုပ်ငန်းအတွက် အရေးကြီး တဲ့ အရာတစ်ခုပင်ဖြစ်တယ်။အဆိုပါ အချင်းအရာ များမှာလုပ်ငန်းအမှတ်တံဆိပ်ထားရှိခြင်းကို အရေးတစိုက်ထားခြင်း ကြောင့် သာလျှင် ရရှိ နိင်သောအကျိုးကျေးဇူးများဖြစ်ပါတယ်။

 

Myanmar Advertising Guide