Life Hacks

တန်ဖိုးနည်း Laptop ထုတ်လိုက်တဲ့ ဘုန်းကြီးကျောင်းသားချာတိတ်လေး

Read 466 times
တန်ဖိုးနည်း Laptop ထုတ်လိုက်တဲ့ ဘုန်းကြီးကျောင်းသားချာတိတ်လေး

တက္ကသိုလ်ရောက်ပြီး တစ်နှစ်အတွင်းမှာပဲ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အားလုံးနီးပါးကို သူဖတ်ပြီးသွားပြီ။ အဲဒီတုန်းက ၂၀၀၄ ခုနှစ်လောက်ပဲ ရှိသေးတယ်။

ကမ္ဘောဒီးယားမှာ စမတ်ဖုန်းတွေ၊ အင်တာနက်တွေ သိပ်ခေတ်မစားသေးဘူး။ ဒါပေမယ့် သူ စပြီး လေ့လာနေပြီ။ software coding တွေ လေ့လာတယ်။

၂၀၁၁ လောက်မှာ SmallWorld ဆိုတဲ့ လုပ်ငန်းလေးတစ်ခုကို တခြားသူတွေနဲ့ စပြီးထောင်တယ်။ ရည်ရွယ်ချက်ကတော့ ကုဒ်ရေးသူတွေ၊ အင်ဂျင်နီယာတွေနဲ့ လေ့လာသူတွေ အများကြီး ထပ်ပြီး ပေါ်လာအောင် တွန်းအားပေးဖို့။

အခုတော့ သူက လက်ပ်တော့တောင် ကိုယ်တိုင်တီထွင်ပစ်လိုက်တယ်။

အဲဒီလက်ပ်တော့က စွမ်းဆောင်ရည်က အရမ်းမြင့်ပြီး ဈေးနှုန်းက အရည်အသွေးတူ လက်ပ်တော့တွေနဲ့နှိုင်းယှဉ်ရင် အရမ်းကို ဈေးသက်သာတယ်လို့ ပြောတယ်။

(ကန်ဒေါ်လာ US$369 ဟာ မြန်မာနိုင်ငံက သာမန်အခြေခံလူတန်းစားတွေအတွက်တော့ များနေတုန်းပါပဲ) စစ်တမ်းတွေအရ ကမ္ဘောဒီးယားမှာ ကွန်ပျူတာကိုင်နိုင်တဲ့သူ ၁၃ ရာခိုင်နှုန်းပဲရှိတာကို သူသိရလို့ စိတ်မကောင်းဘူး၊

ဒါကြောင့် သာမန်လူတွေပါ ကွန်ပျူတာနဲ့ ထိတွေ့ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်အောင် သူ တီထွင်တာလို့ ပြောတယ်။ ကွန်ပျူတာအပြင် ဈေးကြီးတဲ့ ဆော့ဖ်ဝဲတွေကိုပါ သူက အခမဲ့ရအောင် ဖန်တီးပေးထားတယ်။

သူ့တုန်းက လက်လှမ်းမီသလောက် စာအုပ်တွေပဲ ဖတ်ခဲ့ရတာမို့ အသိက အကန့်အသတ်နဲ့ပဲ ရှိတယ်၊ အခုတော့ ကွန်ပျူတာခေတ်မှာ သိမှုကို ကြိုက်သလောက် ချဲ့လို့ရနေပြီ။ ဒါကို သူက မျိုးဆက်သစ်တွေဆီ ဖြန့်ပေးချင်တယ်လို့ ပြောတယ်။

နောက်ပိုင်း ဈေးကွက်ထဲမှာ သူ့ကွန်ပျူတာကို ၀ယ်လို့ရတော့မယ်။ brand နာမည်က Koompi တဲ့၊ ခမာစကားနဲ့ သုတစာအုပ်လို့ အဓိပာယ်ရတယ်။

နောက်ပိုင်း အင်ဒို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာက ဈေးကွက်တွေထဲမှာလည်း နောက်ပိုင်း ရောင်းဖို့ ရည်မှန်းထားတယ်လို့ သူက ပြောတယ်။

သူလည်း နိုင်ငံတကာက ထိပ်တန်းကျောင်းဆင်းတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် စာတွေအများကြီးဖတ်တယ်၊ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့တယ်၊ အဲဒါကြောင့် သူအခုလို ဖြစ်လာတာလို့ ပြောလို့ရပါတယ်။

သူ့ရဲ့ ရည်မှန်းချက်က ကြီးတယ်၊ နောက်ပိုင်းဆိုရင် ကွန်ပျူတာအတွက် လိုအပ်တဲ့ပစ္စည်းတွေထုတ်တဲ့ကုမဏီတွေ ပြည်တွင်းမှာ ပေါ်လာအောင် ကြိုးစားဦးမယ်။

ဘာပဲပြောပြော ကမ္ဘောဒီးယားက ဘုန်းကြီးကျောင်းသားလေးတစ်ယောက်ဟာ ကိုယ်ပိုင်လက်ပ်တော့ထွင်ပြီး အခု ဈေးကွက်ကို ဖြန့်ပါတော့မယ်။

Recommended for you-စကားတစ်ခွန်းကြောင့်ဘ၀ပြောင်းခဲ့သူ

Credit; Sithutun

Photo credit; sithutun

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1