Digital Marketing

Call to action ဆိုတာဘာလဲ ???

Read 2490 times
Call to action ဆိုတာဘာလဲ ???

 

တကယ်တန်း CTA ဆိုတာက Digital Trend အရပြောရရင် သင့်အနေနဲ့ သင့် product ကို ကြော်ငြာ တစ်ခုအဖြစ်နဲ့ အရောင်းတင်မယ် ပုံ ( သို့ ) ဗီဒီယိုလေးနဲ့ ပေါ့ ။ထိုစဉ် သင်လိုအပ်မှာက အရောင်း ဘက်ကိုဖတ်သူတွေကို ဆွဲခေါ်လိုက်ရမဲ့ စကားလုံးလေးတစ်လုံးပေါ့ ....

 

ဥပမာ အားဖြင့် Digital Marketing Funnel အရဆို CTA က နောက်ဆုံး အဆင့်မှာပါဝင်တယ်။ယေဘုယျ အားဖြင့် သင့်ရဲ့ Ad ကို Funnel အရ ရေး မယ်ဆိုရင် ပထမ မှာက လူစိတ်ဝင်စားအောင်ဆွဲဆောင်တဲ့ စကားလုံးတွေပါမယ် စာပုဒ် စစချင်းမယ် ပြီးလျှင် သင့် Product ရဲ့ Detail အတိအကျ တွေပါဝင်မယ်။

 

စကားလုံးအရ ဆို Call to action ဆိုတာက ( အခုမြန်မြန်ပဲ ပြေးဝယ်လိုက်ကြပါ ၊ ဆပ်ပြာမှာဆို ( ၎င်းတို့ Brand )ကို သတိရပါ ) အစရှိသဖြင့် ဝယ်ဖို့မြူဆွယ်အရောက်ပို့ပေးတဲ့ စကားလုံးလေးပဲ။

 

သင်ဘာကြောင့် Call to action ကို ထည့်သွင်းဖို့ လိုအပ်သလဲ ....

-----------------------------------------------------------------------------

 

စီးပွားရေး လုပ်ငန်းရှင်တော်တော်များများက ၎င်းတို့ ကြော်ငြာ တွေကို လိုတိုရှင်း CTA ထည့်တာနဲ့ လုံလောက်ပြီလို့ထင်ကြတယ်။( လိုတိုရှင်း CTA ဝယ်ယူလိုက်ပါ အစရှိသဖြင့်စကားလုံးများ )

 

စီးပွားရေးလုပ်ငန်းရှင်တိုင်းက သူတို့ရဲ့ Social Media ပေါ်က ကြော်ငြာ တွေကို အချိန် ၊ ငွေကြေး ၊ အားစိုက်မှု့ တော်တော်များများအသုံးပြုကြတယ် ဒါကိုမှ သင့် Product ကြော်ငြာရဲ့ အနောက်ပိုင်း ကအဖျားရှုးနေလို့ ဘယ်ကောင်းပါ့မလဲ ဒီတော့ သေချာ သလောက်က Call To Action ကို ကောင်းမွန်နေဖို့လိုအပ်တယ်။

 

တကယ်တန်းမှာ Call to action စာကြောင်းက အရမ်းရှည်နေစရာ မလို သလို အရမ်းတိုနေလို့လည်း မရပါဘူး CTA က အချက်အလက်လေး ဆက်စပ်မိပြီး ဖတ်ကောင်းနေရင် အဆင်ပြေပါတယ်။Call to action တစ်ခုလေးနှင့် လူတွေက သင့် Product ကို လူစိတ်ဝင်စားဝယ်ချင်အောင်လုပ်လို့ရတာက Promotion ပါပဲ။

 

သင့်အနေနဲ့ သင့်ရဲ့ စားသုံးသူကို ဒီနေ့တစ်ရက်ထဲဝယ်ရင် ၆၀ ရာခိုင်နှုန်း Discount ပေးမယ်ဆိုကာ CTA မှာပြောလိုက်ပါ ထိုနေ့မှာ လူတွေ အသည်းအသန်ဝယ်ကျပါလိမ့်မယ်။ဒါ့ထက် ဟော်တယ်တွေ ဘာတွေ ကြော်ငြာ ပြီ ဆိုပါတော့ သင်တို့ အနေနဲ့ တစ်ခန်းထဲသာကျန်ပါတော့တယ်ဆိုရင်လူတွေအလုအယက်လာဝယ်ကြပါလိမ့်မယ်။

 

Call to action ဆိုတဲ့ အတိုင်း ဖုန်းနံပါတ် ဆက်သွယ်ရမဲ့ လိပ်စာ အတိအကျတော့ သေချာစွာထည်ပေးတဲ့ CTA တွေလည်း သမားရိုးကျပေမည့်အတော်လေးထိရောက်ပါတယ်။

 

Ref ; Ad Espresso