-ဘယ်လိုအပေါင်းအသင်းနှင့်ဘယ်လိုဆိုင် ကိုပဲထိုင်ထိုင် သင်အချိန်ပေးတာနှင့် ထိုက်တန်အောင် ပြင်ပဗဟုသုတတခုခုတော့ ပေးတတ်/ယူတတ်ပါစေ။ကြုံရင်'မ'ခဲ့ပါ။
-အလုပ်တွေ တအားများလာသည့်အခါ မိမိလုပ်ရမည့် အလုပ်ကိစ္စများကို အရေးကြီးတာကို ဦးစားပေး၍
တန်းစီချရေးခြင်းဖြင့် ပြီးမြောက်သည့် အလုပ် တိုင်းကို အမှန်ခြစ်များဖြင့် အချိန်နှင့်တပြေး ညီ လုပ်ဆောင်ကြည့်ပါလေ။
-အချိန်တွေ မလောက်တာထက် အချိန်တွေမဖြုန်းမိအောင် ဂရုပြုပြီးအရေးမကြီးတာကို နံရံမှာ ခဏချိတ်ထားလိုက်ပါ။
-Morning မနက်မိုးလင်းလာမှာကို ကြောက်နေမိတဲ့ မိမိရဲ့ မသိစိတ်မှာအတွေးထဲဝင်လာခဲ့ပါလျှင်
သင်အလုပ်ကိုပို လုပ်သင့်ပြီး စိတ်ခွန်းအားရှိဖို့ အချိန်ပိုကို လုယူကာ အားမွေးဖို့လိုလေပြီ။
-သင့်အထက်က ခန်းနားတဲ့လူတန်းစား တွေကို ကြည့်မနေပါနဲ့ဦး။
သင်လိုချင်တဲ့ အလှည့်ကိုမရောက် သေးတာကြောင့် သင့်အောက်မှာလဲ ဘဝကိုရုန်းကန်နေတဲ့
ဘဝခါးခါးများစွာရှိနေတာကိုသင်သိသိ ကြီးနှင့် စိတ်ဓာတ်ကို မြင့်တင်ကြိုးစားလိုက်ပါ။
-သင်ယခု ဘယ်မှာအချိန်ပေးနေပါသလဲ။
-ဘဝဆိုတာကို လွယ်လွယ်နှင့်ပုံသေမှတ်နေ လျှင် သင့်နောက်က အချိန်ရဲ့တန်ဖိုးကို သိတဲ့လူတွေ ကျော်သွားကြပေလိမ့်မည်။
ကျန်ခဲ့သူသည် ဥပမာပြအခြေခံ လူတန်း စားအဖြစ် ကျန်နေမည်။
-အကယ်၍ ငွေထုတ်ပိုက်ထားတာခြင်း အတူတူဆိုပါစို့။
ထိုငွေကိုဘဏ်တိုးဖြင့်ထိုင် စားနေတဲ့လူ နှင့် ထိုငွေကိုခိုင်းစေနေတဲ့လူ ဘယ်သူက အချိန်ကိုတန်ဖိုးရှိရှိ အသုံးချ သွားပြီလဲ?
သင်ဒီစာကို ဖတ်ပြီးပြီဆိုရင် အချိန်ကို စနစ်တကျအသုံးချတတ်လောက်ပြီပေါ့နော်...။
Recommended for you-ဘယ်တော့မှ မရှုံးတော့ဘူး!
Credit; MK Lashio