Life Hacks

မြန်မာနိုင်ငံမှာ လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး (၅) ဦး!

Read 932 times
မြန်မာနိုင်ငံမှာ လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး (၅) ဦး!

 

(၁) ဒေါ်ဝင်းဝင်းတင့်

daw win win

သူကတော့ ကျွန်မ တို့ နိုင်ငံ မှာ ပထမဆုံး super market ကို စတင်ဖွင့်လှစ်သူ အမျိုးသမီး ဖြစ်ပါတယ် ။

ဒေါ်ဝင်းဝင်းတင့် ဟာ ၁၉၉၆ ခုနှစ်မှာ City Mart ကို အခက်အခဲတွေကြားက စတင် တည်ထောင်ခဲ့ပြီး အဲ့အချိန်မှာ သူ့ အသက်ဟာ ၂၁ နှစ်သာ ရှိပါသေးတယ် ။

အခုလောလောဆယ် တော့ မြန်မာနိုင်ငံ အနှံ့အပြား မှာ City mart ဆိုင်ခွဲပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားပြီး ထူးချွန်တဲ့ Entrepreneur တစ်ယောက်လို့ ဆိုရင် လည်း မမှားပါဘူး ။

 

(၂) ဂျူး

juu

 

ဒီအမျိုးသမီးကတော့ စာဖတ်သူတွေနဲ့ သိပ်မစိမ်းလှပါဘူး ။

ဂျူး ရဲ့ မြစ်တို့၏ မာယာ ၊ ပင်လယ်နှင့် တူသော မိန်းမများ ၊ မိန်းမ တစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက် အစရှိတဲ့ စာအုပ်တွေဟာ

မြန်မာ အမျိုးသမီး တွေကို Women Empowerment ဆိုတာ နဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ ကြားခံနယ် တွေဖြစ်ပါတယ် ။

အခုခေတ်မှာတော့ ဂျူးက ယောက်ျား မုန်းတီးရေး ဝါဒီ လို့ ကောက်ချက်ချ နေကြပေမယ့် မြန်မာနိုင်ငံရဲ့ Feminism အကြောင်းပြောမယ်ဆို ကြည်အေး နဲ့ ဂျူး ဟာ လှစ်လျူ ရှူ့ ထားလို့မရတဲ့ Influencer တွေဖြစ်ပါတယ် ။

 

(၃) ဒေါ်အောင်ဆန်းစုကြည်

daw aung sann su kyi

ကျွန်မ တို့ အကုန်သိထားပြီးသား အမျိုးသမီး တစ်ဦး ဖြစ်ပါတယ် ။

လောလောဆယ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေမှာ အရေးအပါဆုံး နေရာက ရပ်တည် နေသူလို့ ဆိုရင်လည်း မမှားပါဘူး ။

Nobel ဆုအပြင် အခြားသော နိုင်ငံ အသီးသီး ၊ တက္ကသိုလ် အသီးသီးက ဆုပေါင်း ၊ ဂုဏ်ထူး တံဆိပ် ပေါင်များစွာကို ရရှိထားသူဖြစ်ပြီး သူ့ရဲ့ Freedom from Fear စာအုပ် နဲ့လည်း နိုင်ငံရေး စာပေ လောက ကို ကိုင်လှုပ်ခဲ့ပါသေးတယ် ။

 

(၄) အိန္ဒြာကျော်ဇင်

Screenshot from 2018 07 13 13 25 21

မင်းသမီး တွေထဲမှာလည်း ကျွန်မ တို့အပေါ် Influence ကြီးလွန်းတဲ့ အမျိုးသမီး တော်တော်များများရှိပါတယ် ။

ဒါပေမယ့် ကျွန်မ အမြင် အမှားအကင်းဆုံးနဲ့ ပရိသတ် ချစ်ခင်မှုကို အရဆုံးကတော့ အိန္ဒြာကျော်ဇင် ပါပဲ ။

ဟာကွက်မရှိတဲ့ သရုပ်ဆောင် အမူအရာတွေ ၊ အံ့ဩစရာ ကောင်းလောက်တဲ့ နုပျိုမှု တွေက ဆယ်စုနှစ် တွေ ကျော်လာသည့် တိုင်သူ့ကို ဆက်လက်အားပေးနေကြတဲ့ အဓိက အကြောင်းအရင်းပါပဲ ။

 

(၅) ဒေါ်ဝေသစ်လွင်

wai thit lwin

ဒေါ်ဝေသစ်လွင် လို့ ပြောလိုက်ရင် လူသိပ်သိချငိမှ သိပါလိမ့်မယ် ။

ဒါပေမယ့် Bella လို့ဆိုလိုက်ရင်တော့ Comestic နဲ့ ကင်းကွာတဲ့ ယောက်ျားရင့်မ ကြီးတွေတောင် သိကြပါတယ် ။

လူတန်းစား အသုံးပြုနိုင်တဲ့ ဈေးနှုန်း ၊ ပေးရတဲ့ ငွေကြေး နဲ့ ထိုက်တန်တဲ့ ကုန်ပစ္စည်း အရည်အသွေး ၊ Marketing Strategy အစရှိတာတွေက Bella ကို အချိန်တို အတွင်းမှာ လူသိများလာစေခဲ့ပါတယ် ။

ဒေါ်ဝေသစ်လွင်က Bella အပြင် ABC Convenience Store နဲ့ အခြားသော လုပ်ငန်းတွေမှာလည်း Founder တစ်ဦးဖြစ်ပါသေးတယ် ။

Recommended for you-ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်လာတော့မည့် မြန်မာနိုင်ငံ

Credit; လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media) Page မှ ကူးယူဖော်ပြထားပါသည်။