Outdoor Advertising
Read 2399 times
Designers [Logo/Trademark] (လိုဂိုများအပ်နှံနိုင်သည့်ဒီဇိုင်နာလုပ်ငန်းမျာ(၇)းခုရှာရန်နှိပ်ပါ။)The policy
>>> Unicode <<<
သြစတေးလျ နိုင်ငံရဲ့ ကြော်ငြာရေးရာ ဥပဒေများ
-------------
Billboard ဆိုတာ Outdoor Advertising ရဲ့ ကြော်ငြာ ရေး နည်းလမ်း တစ်ခုပင်ဖြစ်တာမို့ ထို Billboard တွေကို ကြော်ငြာ ရေးရာ ဆုံးဖြတ် ပိုင်ခွင့် ရှိတဲ့ အဖွဲ့ အစည်း များက အမြဲ အစဉ်တစိုက်စောင့် ကြည့် နေတတ်ပါတယ်။
ယခုဆိုရင်တော့ သြစတေးလျ နိုင်ငံရဲ့ ကြော်ငြာ ပိုင်းဆိုင်ရာ ဆုံးဖြတ် ပိုင်ခွင့် ရှိတဲ့ အဖွဲ့ အစည်း က ကလေး သူငယ်များ ကျောင်းအနီးရှိ ကျန်းမာ ရေး နှင့် မညီညွှတ်သော Billboard များကို ဖျက်စီးပြစ်တော့ မှာပါ။
Outdoor Media Association ( OMA ) ကနေပြီးတော့ ကြော်ငြာ ရေး ရာ ဥပဒေ များအရ ဆောင်ရွက် သွားမှာဖြစ်ပြီး ပထမ အချက် သတိပေး ခြင်း ၊ ဒုတိယ အချက် ဖျက်စီး ဖြုတ်သိမ်းမယ်သိရပါတယ်။
OMA ရဲ့ အရာရှိဖြစ်သူ Charmaine Moldrich ပြောကြား ချက်က တော့
“ ကလေး ၄ ယောက်ရှိမယ်ဆို ကလေး ၃ ယောက်က အဝလွန်နေတာ ဒါကြောင့် သြစတေးလျ အနေ နဲ့ ကျန်းမာ ရေး နဲ့ မညီညွတ် တဲ့ ကြော်ငြာ Billboard တွေကို ကလေးများ မမြင်တွေ့ စေ ရန် ကြိုးစား သွားမှာပါ “ လို့ပြောကြားခဲ့ပါတယ်။
OMA ရဲ့ ကြော်ငြာ ရေး ရာ ဥပဒေ များ -
ကလေး သူငယ် များ ကျန်းမာရေး နဲ့ မညီညွတ် တဲ့ အစားအသောက်ကြော်ငြာ များ ကို မှုလတန်းကျောင်း နှင့် အလယ်တန်းကျောင်း များ နှင့် ၁၅၀ မီတာ အကွာ အဝေး တွင် ကြော်ငြာ ရမည်။
အဆိုပါ ကြော်ငြာ များ သည် သြစတေးလျ ကျန်းမာရေး ဌာန ရဲ့ ညွှန်ကြားမှု့ အောက်တွင် ရှိရမည်။
နှစ်တိုင်း သြစတေးလျ ကျန်းမာရေး ဌာန ရဲ့ အစာလည်း ဆေးလည်း အစာ အစီစဉ် ကို ၃ မီလီယံ လှူ ရမည်။
ပြည်နယ်အစိုးရကို အသိပေးပြီး ၎င်းတို့ ရဲ့ ခ ွ င့် ပြု ချက် ကို ရ ယူရမည်။
ကျန်းမာရေး ဆိုင်ရာ အသိပညာ ပေး အစီအစဉ်များ နှင့်ညီလာခံများကျင်းပါ့ ပေးရမည် စတဲ့ အချက်များ ပင်ဖြစ်တယ်။
၎င်း အချက်တွေကို သြစတေးလျ မှာ စတင်ကျင့် သုံးပြီဆိုတော့ အခြား မကြာ ခင်မှာ ကမ္ဘာ့ နိုင်ငံ အသီးသီး မှာ စတင်ကျင့်သုံးတော့ မယ်လည်းသိရပါတယ်။
Source From Ad News
Myanmar Advertising Directory