Business Marketing

အရည်အချင်းရှိသည့် ၀န်ထမ်းကောင်းများတွင် တွေ့ရလေ့ရှိသည့်အရာများ

Read 4924 times
အရည်အချင်းရှိသည့် ၀န်ထမ်းကောင်းများတွင် တွေ့ရလေ့ရှိသည့်အရာများ

 ၁။ကုမ္ပဏီ၏ vision & mission များကိုအကောင်းဆုံး လိုက်နာလုပ်ဆောင်နိုင်သည့်အပြင် အောင်မြင်မှု အကျိုးအမြတ်များရရှိအောင် စွမ်းဆောင်နိုင်သည့် အရည်အချင်းများ ပိုင်ဆိုင်ထားကြသည်။

၂။အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး သူတစ်ပါး၏ အချိန်ကိုလည်းလေးစားတတ်သူများ ဖြစ်သည်။

၃။ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ followers အများကြီးရအောင် စွမ်းဆောင်နိုင်ခြင်းမဟုတ်ဘဲ သူနဲ့အတူလုပ်ကိုင်နေသော organizationမှာရှိတဲ့

  လူတွေရဲ့ အခွင့်အလမ်းတွေကို ကြည့်ရှူ့ပေးတတ်သူများ ဖြစ်သည်။ထိုနည်းတူ ၀န်ထမ်းကောင်းတစ်ဦးတွင်လည်း ထိုသို့သော အရည်အချင်းမျိုးရှိနေတတ်သည်။

၎။မည်သည့်အခြေအနေ မျိုးမှာမဆို သူဌေးနှင့်သူ့ဘက်ကိုယ့်ဘက် မျှတမှုရှိအောင် ပြောဆိုဆက်ဆံနိုင်သည်။

၅။ဝန်ထမ်းကောင်းများသည် မိမိပိုင်ဆိုင်ထားသော သတင်းအချက်အလက်ကောင်များ အတွေ့အကြုံကောင်းများကို လုပ်ဖော်ကိုင်ဖက်များကို မျှဝေပေးသည့် အပြင် ကိုယ်တိုင်တိုးတက်အောင်လည်း အမြဲသင်ယူလေ့လာကြသည်။

၆။ခက်ခဲသောဆုံးဖြတ်ချက်များ ပြုလုပ်ရသည်ကိုလည်း ကြိုက်နှစ်သက်သူများလည်းဖြစ်သည်။

၇။ရိုးသားဖြောင့်မတ်မှန်ကန် သည်ဆိုသည့်ဂုဏ်သတင်း ကျော်ကြားမှုလည်းရှိကြသည်။

၈။မိမိကိုပေးအပ်ထားသော ရာထူးအလုပ်တာဝန်များ ကိုကျေပွန်စွာ ထမ်းဆောင်နိုင်သည့်အပြင် အကြံပြုချက်ကောင်းများကိုလည်း ပေးနိုင်သည်။

၉။သာယာအဆင်ပြေသောကိစ္စရပ်များ မဟုတ်ခဲ့လျှင်တောင်မှ အတက်ကြွဆုံး နှင့်ကောင်းမွန်သော အခြေအနေတစ်ခုဖြစ်အောင် ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းများရှိသည်။

၁၀။မည်သူမဆို ဘ၀မှာကျရှုံးမှုများနှင့်ရင်ဆိုင် ကြုံတွေ့ခဲ့ရမှာပါ။ သို့သော်ထိုအမှားများကို မိမိလုပ်ဖော်ကိုင်ဖက်များ ဆင်ခြင်ပြုပြင်နိုင်အောင် အကောင်းဆုံးလမ်းညွှန်ပြသပေးသူများလည်းဖြစ်သည်။

Source; Inc.Southeast Asia