အမှန်အတိုင်းလက်ခံဖို့လိုပါတယ်။ မိမိဘ၀လမ်းကြောင်း ဘယ်လိုဆက်လျှောက်ရမလဲ (သို့) ဘယ်နေရာကို ရောက်ချင်သလဲဆိုတဲ့ မေးခွန်းမျိုးကို ခဏခဏ ပြန်လည်မေးရန်လိုအပ်ပါတယ်။ အဲ့လို ကိုယ့်ကိုကိုယ်ပြန်လည်မေးတဲ့အခါ အတတ်နိုင်ဆုံးအရိုးရှင်းဆုံးအတွေးက မလိမ်မညာဘဲ အမှန်ကန်ဆုံးဖြေနိုင်ဖို့ အရေးကြီးပါတယ်။ ယနေ့ Myanmar Advertising Directory မှ မိမိကိုယ်ကို လိမ်ညာမိတတ်တဲ့ အမှားများကို တင်ဆက်ပေးလိုက်ပါတယ်။
Lie 1 မိမိကိုယ်ကို အလွန်အမင်းအရေးကြီးသည်ဟု လိမ်ညာမိခြင်း
မိမိရောက်ရှိနေသောနေရာ မိမိလုပ်ကိုင်နေသောအလုပ်တွင် မိမိသာလျှင် အဓိကအရေးအကြီးဆုံးသူဟု ထင်မြင်နေခြင်းက ဘ၀ကို ကျရှုံးစေမည့်အတွေးအခေါ်ထဲက တစ်ချက်အပါအ၀င်ပဲဖြစ်ပါတယ်။ မိမိအမှန်တကယ် အကြီးအကဲနေရာမှာ နေရသော်လည်း ထိုသို့အထင်ကြီးဘ၀င်လေဟပ်နေခြင်း လုပ်ငန်းခွင်အတွင်းအဆင်မပြေမှုများစွာ ကြုံတွေ့နိုင်ပါတယ်။ သင်၏လက်အောက်ငယ်သားများ၏ အကြံဥာဏ်များကို နားထောင်မပေးခြင်း၊ မိမိကိုယ်ကို အတော်ဆုံးဟုထင်မြင်က ဆက်လက်သင်ယူမှုမရှိခြင်း၊ အစရှိသည့် ဆိုးကျိုးများ ခံစားရနိုင်ကာ ဘ၀တိုးတက်ရန် အဟန့်အတားဖြစ်စေပါတယ်။
Lie 2 ကိစ္စရပ်တစ်ခုကို မလုပ်နိုင်ဟု ထင်မြင်လိမ်ညာမိခြင်း
လူတိုင်းကတော့ မလုပ်နိုင်မှာစိုးခြင်း (သို့) မဖြစ်မြောက်မှာ စိုးခြင်းအစရှိသည့် စိတ်ပူပန်မှုများရှိတတ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ အလုပ်မလုပ်ကြည့်ရသေးဘဲနဲ့ မဖြစ်နိုင်ဘူးဟု တွေးတောခြင်းကာ မှားယွင်းနေတဲ့ အချက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ကိစ္စရပ်တစ်ခုကို အစမပြုရသေးဘဲ မလုပ်နိုင်ဟု မိမိကိုယ်ကို လိမ်ညာနေခြင်းက ဘ၀တိုးတက်မှုပိတ်ဆို့စေမယ့် အချက်ထဲမှာ ပါဝင်ပါတယ်။
Lie 3 ဒီနည်းက အဆင်ပြေမှာ မဟုတ်ပါဘူး ဟု လိမ်ညာမိခြင်း
ဒီနည်းက အဆင်ပြေချင်မှပြေမှာပါ ဟု လူတိုင်းတစ်ခါတော့ ပြောဖူးပါတယ်။ ဒါပေမယ့် ဘ၀မှာ အောင်မြင်နေတဲ့ သူတွေက မည်သည့်အရာကိုမှ လွယ်လွယ်နဲ့ လက်မလျော့ပါဘူး။ အနည်းဆုံးတစ်ခါစမ်းသပ်ကြည့်ပြီးမှ ယခုနည်းက အဆင်ပြေ မပြေဆုံးဖြတ်သင့်ပါတယ်။
Lie 4 ဒီအခွင့်အရေးအတွက် ကျွန်တော်/ကျွန်မ မသင့်လျှော်ဘူးဟု လိမ်ညာမိခြင်း
အခွင့်အရေးတစ်ခုခုကို မလက်ခံခင်မှာ ထိုအခွင့်အရေးကို ဆုတ်ကိုင်သင့်သလား၊ မဆုတ်ကိုင်သင့်သလား စဉ်းစားမိတတ်ပါတယ်။ ထိုသို့ အခြေအနေမျိုးကြုံရပြီဆိုရင်တော့ အခွင့်အရေးအတွက် မသင့်လျှော်ဘူး ကိုယ့်ကိုယ်ကိုယ် မလိမ်ညာသင့်တော့ပါဘူး။ အခွင့်အရေးဟာ ၂ ခါမလာတဲ့အတွက် မလုပ်နိုင်ဘူးဆိုသည့် စိတ်ကိုဖျောက်ကာ အမိအရဆုတ်ကိုင်ကြိုးစားမှသာ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
Source: Inc. Southeast Asia