Global

Tiger ဘီယာ ရဲ့ စိတ်ကူးပုံဖော်ညစျေးတန်း

Read 1215 times
Tiger ဘီယာ ရဲ့ စိတ်ကူးပုံဖော်ညစျေးတန်း

အခုလို ကို ဗစ်ဖြစ်ပွားချိန် လူစုလူဝေးရှောင်ရှားမှု လူအခြင်းခြင်း သီးခြားခွဲနေရမှုကြောင့် ညဘက်သွားရတဲ့ ဘားတွေ ရှိတဲ့ လူထူထပ်လှတဲ့ နေရာတွေဖြစ်တဲ့ ညစျေးတန်းတွေကမ္ဘာ့နိုင်ငံအသီးသီးမှာပိတ်ထားရ ပါတယ်။ထိုကဲ့သို့နေရာတွေမပြောပါနဲ့ သင့်အနေနဲ့ အခုဆိုရင် လူ ၃ ယောက် ၄ ယောက် ရှိနေတဲ့ သင့်ရုံးရဲ့ ရေအေးစက် နားတောင် မရောက်ဖြစ်လောက်တော့ပါဘူး။

 

 

လက်ရှိမှာတော့ Tiger ကုန်အမှတ်တံဆိပ် အနေနဲ့ သူ့စားသုံးသူတွေ ကို သူ့ရဲ့ တီထွင်မှု့ Idea အပြည့်အ၀နှင့် ညဘက်လမ်းလျှောက် စိတ်ကူး ညစျေးတန်း ကိုပုံပေးလိုက်ပြီပဲဖြစ်ပြီး အဆိုပါ ညစျေးတန်းမှာ လမ်းလျောက်မဲ့ သင့်ဇာတ်ကောင်ကို ဆံပင် အရောင်ပြောင်းလို့ရသလို သင့်စိတ်ကြိုက် ခက် မိုက်မိုက် အဝတ်အစားတွေလဲ ဝတ်ပေးလို့ရတယ်သိရပါတယ်။

 

 

သင့်အနေနဲ့ စိတ်ကူး ညစျေးတန်းမှ Foodcourt များမှ အစားအစာများကို DeliverEat နဲ့ ချိတ်ဆက်ထားကာ အပြင်မှာပါ မှာလို့ရပြီး ပရိုမိုးရှင်းတွေ ဒစ်ကောင့်တွေ အများကြီး ရမယ်သိရပါတယ်။သုံးစွဲသူတွေအနေနဲ့ စိတ်ကူး ပုံဖော်ညစျေးတန်းမှာ ဂိမ်းတွေလည်း ကစားလို့ရအုံးမှာပါတဲ့။သင့်အနေနဲ့ ကျော်ကြားနေတဲ့ အစားအစာတွေ ကို စားကြည့်သင့်တဲ့ List နဲ့ ဖော်ပြပေးမှာဖြစ်ပြီး Heineken ရဲ့ ပျော်ရွှင်စရာအချိန်များဆိုတဲ့ တစ်ခွက်ဝယ် ၊ တစ်ခွက်ရ အစီအစဉ်တွေ ရှိတယ်သိရပါတယ်။

 

 

အဆိုပါ App ကို စီစဉ်တင်ဆက်သူ အဖြစ် ယူကျူပါတွေဖြစ်တဲ့ Lizz Chloe နဲ့ Harvinth Skin တို့မှ ပါဝင်ထားပြီး Lizz Chloe ရဲ့ ဂိမ်း အစီအစဉ်မှာ Tiger ဘီယာဗူးလေးတွေ လမ်းတစ်လျောက်လိုက်ရှာရမှာဖြစ်ပြီး အကယ်၍သင်သာ အဆိုပါ ဂိမ်းမှာ နိုင်ခဲ့မယ်ဆိုအစားအသောက်ဝယ်တာတွေနဲ့ ယမကာ ဝယ်ရာမှာ လျော့စျေးတွေရမှာပါတဲ့။ ပြီးနောက် ထပ်မံထည့်သွင့်ထားရှိတဲ့ ဂိမ်းကတော့ Tiger Crystal တောင်ကြီးကို တက်ရမှာဖြစ်ပြီး တောင်တက်လမ်းတစ်လျောက် Tiger Crystal ပုလင်းတွေကို လိုက်လံရှာဖွေစုစောင်းရမှာပဲဖြစ်ပါတယ်။

 

ထို့အပြင်မလေးရှားမှ ဟစ်ဟော့အဆိုတော် Namewee အနေနဲ့ အဖွင့် သီချင်း Live ကိုသီဆိုဖျော်ဖြေမှာဖြစ်ပြီး Tiger ဘီယာမှ ၂၀၂၀ နိုဝင်ဘာ ၆ ရက်နေ့က စ ညစျေးတန်းကို နိုဝင်ဘာလကုန်ထိ Campaign လုပ်ဆောင်သွားမယ်သိရပါတယ်။

 

 

 

Ref : The Drum 

 

Myanmar Advertising Guide