Digital Marketing

TikTok ရဲ့ ဗွေဆော်ဦး ဩစတေးလျ brand campaign

Read 1508 times
TikTok ရဲ့ ဗွေဆော်ဦး ဩစတေးလျ brand campaign

TikTok ကို ကမ္ဘာအနှံ့အပြားမှာ သုံးစွဲနေကြတာ ဖြစ်ပေမဲ့ ဒေသအလိုက် နိုင်ငံအလိုက် အကန့်တွေ ကန့်ပြီး မျှဝေနိုင်အောင် စီမံပေးထားတာမို့ အခု တင်ဆက်လိုက်တဲ့ brand campaign ကို ဩစတေးလျနိုင်ငံမှ TikTok ပရိသတ်တွေထံကိုသာ ရောက်ရှိစေမှာ ဖြစ်ပါတယ်။

‘It Starts with TikTok’, တစ်တော့နဲ့ စကြစို့ ဆိုတဲ့ brand campaignဟာ တစ်တော့အပြင် အဓိကျကတဲ့ တီဗီကွန်ရက်တွေမှာလည်း တင်ဆက်မှာ ဖြစ်ပါတယ်။
ကြော်ငြာကို brand experience agency တစ်ခု ဖြစ်တဲ့ Akcelo က ဖန်တီးပေးထားပါတယ်။ ဗီဒီယိုတွေ ဖန်တီးပြီး TikTok မှာ တင်ကြတဲ့ ဩစတေးလျ ပရိသတ်ကို စူးစိုက်ထားပါတယ်။ ဩစတေးလျမှာ TikTok ကို နေ့စဉ်သုံးစွဲသူဦးရေ သန်းချီပြီး ရှိနေပါတယ်။

ကြော်ငြာကို ၁၅ စက္ကန့်နဲ့ ၃၀ စက္ကန့် ၂မျိုး လုပ်ထားပြီး နာမည်ကြီး တီဗီလိုင်းတွေမှာ လူကြည့်များတဲ့ အချိန်တွေမှာ ထုတ်လွှင့်မယ်။ Twitch, Google, 9Now, Facebook နဲ့ Instagramအပါအဝင် အွန်လိုင်း ပလက်ဖောင်းတွေမှာလည်း တင်မယ်လို့ ဆိုပါတယ်။