Digital Marketing

Tiktok ရဲ့ ရှင်သန်ခြင်းနဲ့ တိုးတက်ခြင်း

Read 1959 times
Tiktok ရဲ့ ရှင်သန်ခြင်းနဲ့ တိုးတက်ခြင်း

 

ကိုဗစ်ကြောင့် ဖြစ်တဲ့ Lockdown မှာ Tiktok က လူငယ်တွေကြားမှာ သူ့ကို အသုံးမပြုသူတွေ ခေတ်မမှီဘူးထင်ရလောက်အောင် ထင်ရှားခဲ့ပါတယ်။ဒီတော့ ကြော်ငြာချင်တဲ့သူတွေ ကလည်း သူတို့ အကြိုးစီးပွားအတွက် Tiktok ကိုသာ ပြေး ကပ်ခဲ့ပါတော့တယ်။Tiktok က အိမ်ထဲမှာ ပျင်းရိနေတဲ့လူငယ်တွေ အတွက် ၁၂ လ လောက်အဖော်ပြုပေးခဲ့တာမို့ အတော်လေး လူငယ်တွေ စိတ်ထဲနေရာယူတယ်သိရပါတယ်။Lil Nax X တို့လို Tiktok အသုံးပြုသူတွေ ဆိုရင် ကြည့်ရှုသူအများဆုံးနေရာကို ရရှိခဲ့ပါတယ်။

 


ဒီနှစ်ထဲမှာဆို နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ လူငယ်တွေ အကြိုက် ဗီဒီယို အတိုလေးတွေ လုပ်တဲ့ App ဖြစ်တဲ့ Tiktok မှာပဲ TikTok အသုံးပြုသူတွေကို ဆွဲဆောင်ဖို့အားသန်နေကြပါတယ် သူတို့ရဲ့ စျေးကွက် မြင့်တင်ရေးဆိုင်ရာ နောက်နှစ်တွေမှာ အဆိုပါ Tiktok မှာပဲကြော်ငြာကြေးငွေ အများကြီးအသုံးပြုဖို့ရှိတယ်သိရပါတယ်။Tiktok ထဲမှာ ရွေ့ပြောင်းလုပ်သားတွေ ကို အားပေးနှစ်သိမ့်တာမျိုးတွေရှိသလို Tiktok ထဲမှာစီးပွားရေးလုပ်ငန်းအတွက်ဆိုရင် နွေရာသီဆိုရင် နွေရာသီနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို Trend လိုက်တင်ထားတာမျိုးတွေရှိပါတယ်။ဒါသူရဲ့ အရွေ့နဲ့ လုပ်ကွက် တစ်ခုပဲလို့ဆိုရပေမယ်။

 

Tiktok မှာဆိုရင်တော့ သူရဲ့အသုံးပြုသူတွေကို ကြည့်ရှုသူဘယ်လိုများတယ်ဆိုတာကို ပြန် ပြိုင်ခိုင်းရင်း လူတွေ ရဲ့စိတ်ဝင်စားမှုကို ရယူတာမျိုးရှိပါသေးတယ်။အခုဆို မိန်းကလေးတွေခါးအလှုပ် အက ခေတ်စားတာမို့ Hash Tag တွေနဲ့ အသုံးပြုသူများအား အပြိုင်အဆိုင်လာအောင်စွမ်းဆောင်ကြတာပါ။You Tube အနေနဲ့ Tiktok အတွက် ပုလ္လင် ကို စွန့်ခွာပေးရလာနိုင်ပါတယ်။