Outdoor Advertising

Tiktok မှ လူမည်း အသားပေး ကြော်ငြာ Campaign

Read 1823 times
Tiktok မှ လူမည်း အသားပေး ကြော်ငြာ Campaign

 

 

My roots ရဲ့ ဘေဘုတ် ဒီဇိုင်းတွေ နဲ့ အွန်လိုင်းမှာ ကြော်ငြာ ထားတာ ကြည့်ရတာကတော့ အဆိုပါကြော်ငြာ Campaign မှာ Tiktok မှ နာမည်ကြီး အနုပညာရှင် ဖန်တီးသူများရဲ့ Afro-Caribbean အရိပ်အငွေ့တွေပါတာတွေ့ရပါတယ်။အဆိုပါကြော်ငြာ Campaign မှာ ပါဝင်တဲ့သူတွေကတော့ ဆယ်လီဖြစ်သူ Cat Burns (@catburnss) , ဘောလုံးစတန့်ပြသူ Jeremy Lynch (@jeremylynchofficial), ဆယ်လီဖြစ်သူ Lily Rose (@itslilyrose), ရုပ်ရှင်သရုပ်ဆောင် Michael Dapaah (@michaeldapaah_) နဲ့ ဟာသသရုပ်ဆောင် Sherice Banton (@shericebanton) တို့ပါ။

 

အဆိုပါကြော်ငြာ Campaign ကို TikTok ရဲ့ Creative Lab အဖွဲ့မှ လူမည်း အလုပ်သမားများနဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ထူးခြားတာက Campaign လုပ်တဲ့လူတွေထဲမယ် လူမည်း တွေပဲ သုံးထားကာ၂၀၂၀ အောက်တိုဘာလထဲမှာ ၄ ပတ်တိတိ Campaign ကို လုပ်ဆောင်မယ်သိရပါတယ်။

 

How we're marking Black History Month UK: #myroots, LIVEs and more! | TikTok  Newsroom

 

Carly & MARL ရဲ့ သံစဉ်တွေကို ကြော်ငြာ အတွက်အသုံးပြုမှာဖြစ်ပြီး ကြော်ငြာ တီထွင် ဖန်တီးမှု့ပိုင်းဆိုင်ရာကို Linnet Rubaya က ဦးစီး လုပ်ဆောင်ထားကာ ကြော်ငြာ ကို အဓိကထားရိုက်ကူးသူကတော့ Caleb Femi ပါတဲ့။ အဆိုပါ Campaign မှာ လူမည်း အဖွဲ့အစည်း တွေ ၎င်းတို့ ပလက်ဖောင်းပေါ်မှာရှိနေစေရန်ရည်ရွယ်ပြီး ထို့အပြင်လူမည်းလူငယ်တွေ နာမည်ကျော်တွေရဲ့ ဘ၀ ကိုသိနိုင်ဖို့ သင်ယူနိုင်ဖို့ အဆိုပါ Campaign ကို ရယ်ရွယ်ပြုလုပ်နေခြင်းပါ။

 

ထို Tiktok ရဲ့ ဘေဘုတ်ကြီးကို ဗြိတိန်နိုင်ငံ Shoreditch အပေါ်လမ်း ရဲ့လူစဉ်ကားတဲ့နေရာမှာတွေ့နိုင်မှာပါ။ Tiktok မှ အဆိုပါကြော်ငြာ Campaign ကို လူမည်း Gen Z များကို ရည်ရွယ်ပြီး#MyRoots ဆိုတဲ့ အက Challenge တွေ ပေါ်လာဖို့မျှော်လင့်တယ်သိရပါတယ်။၎င်း ကြော်ငြာ များကို Facebook, Instagram နဲ့ YouTube စတာတို့တွင်လဲ ယခု ၂၀၂၀ အောက်တိုဘာ လအတွင်း ကြေငြာမယ်သိရပါတယ်။

 

 

Ref : The Drum