Digital Marketing

အရှေ့တောင်အာရှတွင် တွင်ကျယ်လာသည့် TikTok Shop

Read 2763 times
အရှေ့တောင်အာရှတွင် တွင်ကျယ်လာသည့်  TikTok Shop

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

TikTok Shop သည် အရှေ့တောင်အာရှတွင် အရှိန်အဟုန်ဖြင့် ချဲ့ထွင်နေပါသည်။ အဓိက e-commerce များ ဖြစ်ကြသည့် Sea Group ၏ Shopee နှင့် Alibaba ၏ Lazada တို့ကို ယှဉ်ပြိုင်နေပါသည်။

 

ဗီဒီယို တိုက်ရိုက်ထုတ်လွှင့် ပြောပြ ပြသနေသည့် အကြောင်းအရာတွေကို ကြည့်ရှုရင်း ဝယ်ချင်စိတ်ပေါက်လာစေသည်မှာ TikTok Shop ၏ အားသာချက်ဖြစ်သည်။

 

TikTok Shop သည် ရောင်းသူနှင့် ဝယ်သူများကို ၎င်း၏ ပလက်ဖောင်း အသုံးပြုရန် "မယုံကြည်နိုင်လောက်သော ငွေပမာဏ" ကို သုံးစွဲပေးနေသည်။

 

TikTok Shop သည် တရုတ်နည်းပညာကုမ္ပဏီကြီး ByteDance ပိုင်ဆိုင်သည့် ဗီဒီယိုအတို အက်ပ် TikTok ၏ e-commerce စျေးခင်း ဖြစ်ပါသည်။

စျေးဝယ်အက်ပ် TikTok Shop သည် ကုန်သည်များ၊ အမှတ်တံဆိပ်များနှင့် ဖန်တီးသူများသည်  TikTok သုံးစွဲသူများအား ကုန်ပစ္စည်းများကို ပြသရောင်းချနိုင်စေပါသည်။

 

၂၀၂၂ ခုနှစ်တွင် TikTok Shop သည် အရှေ့တောင်အာရှခြောက်နိုင်ငံဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကို တိုးချဲ့ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အရှေ့တောင်အာရှမှာ TikTok Shop သည် ကုန်ပစ္စည်းများ ကန်ဒေါ်လာ ၄.၄ ဘီလီယံဖိုး ရောင်းချခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ရောင်းချနိုင်ဖို့ ရည်မှန်းထားသည်။

TikTok Shop အရောင်းပမာဏသည် ဆတိုးဖြင့် မြင့်တက်လာနေသော်လည်း Lazada ၏ Shopee ကို မမီသေးပါ။ Shopee ၏ အစွန်းထွက်လောက်သာ ရှိပါသေးသည်။ ၂၀၂၂ ခုနှစ်တွင် Shopee သည် ကန်ဒေါ်လာ ၇၃.၅ ဘီလီယံဖိုး ရောင်းချခဲ့သည်။

 

TikTok Shop သည် ဝေစု ဖဲ့ယူနေသည့် အဆင့်တွင် ရောက်ရှိနေသည်။

အွန်လိုင်း လက်လီ ထိုးထွင်းသိမြင်မှု ကုမ္ပဏီ Cube Asia မှ ပြုလုပ်သော စစ်တမ်းတစ်ခုအရ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် TikTok Shop မှာ ဈေးဝယ်ကြသူများသည် Shopee (-၅၁%)၊ Lazada (-၄၅%)၊ အော့ဖ်လိုင်း (-၃၈%) တို့တွင် ဝယ်ယူမှု လျှော့ချကြသည်။

  

ပလက်ဖောင်းတွင် ရောင်းချသူများ ရောက်လာအောင် မက်လုံးပေးရာ၌  TikTok Shop သည် စင်ကာပူတွင် စတင်ရောင်းချသောအခါ ကော်မရှင် မယူချေ။ ကုန်သည်များသည်  ငွေချေသည့် ဝန်ဆောင်မှုအတွက် ၁% မျှသာ ပေးရသည်။

Shopee သည် ကော်မရှင်၊ ဝန်ဆောင်ခ၊ ငွေချေသည့် ဝန်ဆောင်မှုတို့အတွက် စုစုပေါင်း ၅% ကောက်ခံသည်။

 

Source cnbc


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U