Digital Marketing

အမေရိကန်တွင် Amazon ကို TikTok Shop ယှဉ်ပြိုင်မည်

Read 5203 times
အမေရိကန်တွင် Amazon ကို  TikTok Shop ယှဉ်ပြိုင်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ByteDance သည် ကုမ္ပဏီ၏ လူမှုမီဒီယာကွန်ရက် TikTok တွင် ထည့်သွင်းထားသော e-commerce ပလက်ဖောင်းတစ်ခုဖြစ်သည့် TikTok Shop ကို အမေရိကန်တွင် စတင်ခဲ့သည်။

 

တရုတ်ကုမ္ပဏီမှ ဈေးဝယ်ပလက်ဖောင်း TikTok Shop သည် အမေရိကန်တွင် အလွန်ရေပန်းစားခြင်းမရှိ‌ေသးပေ။ သို့ဖြစ်ရာအခြား လုပ်ငန်းတူများအတွက် ကြောင့်ကြစရာ မဟုတ်သော်လည်း အခြေအနေသည် မကြာမီ ပြောင်းလဲသွားနိုင်သည်။

 

 ByteDance သည် ယခုနှစ်တွင် အမေရိကန်ရှိ TikTok Shop မှ ဝင်ငွေ ကန်ဒေါ်လာ ၁၇.၅ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားသည်။ ၂၀၂၃ ခုနှစ် ဝင်ငွေထက် ၁၀ ဆသို့ တိုးမြှင့်လျာထားလိုက်ခြင်း ဖြစ်သည်။

၎င်းရည်မှန်းချက် ရရှိရန် TikTok Shop သည် အမေရိကန်မှ အကြီးမားဆုံး အီးကောမတ်စ် ပလက်ဖောင်း Amazon ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထို့ပြင် အမေရိကန်မှာ တွင်ကျယ်နေသည့် တရုတ် အွန်လိုင်းဈေးခင်းများဖြစ်သည့် Shein နှင့် Temu တို့ကိုလည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

အကယ်၍ ByteDance သည် ဝင်ငွေ ရည်မှန်းချက်ကန်ဒေါ်လာ ၁၇.၅ ဘီလီယံကို ပြည့်ဝအောင် စီမံနိုင်ခဲ့လျှင် Amazon, Shein နှင့် Temu တို့၏ ဝင်ငွေ အနည်းနှင့်အများ ထိခိုက်မည် ဖြစ်သည်။ 

TikTok ၏ အားသာချက်မှာ လူသုံးများသည့် လူမှုကွန်ရက် ရှိနေခြင်း ဖြစ်သည်။ TikTok ဗီဒီယိုအတို အမာခံပရိသတ်ကို အသုံးပြုပြီး အရောင်းနှင့် ဝင်ငွေတိုးအောင် စီမံနိုင်မည် ဖြစ်သည်။ 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL