Digital Marketing

TikTok ရေပန်းအစားဆုံး (၈)နိုင်ငံ

Read 2507 times
TikTok ရေပန်းအစားဆုံး (၈)နိုင်ငံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမေရိကန်နိုင်ငံသည် TikTok သုံးစွဲသည့် အရွယ်ရောက်ပြီးသူ အများဆုံး ရှိနေသည့် နိုင်ငံဖြစ်သည်။

၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် TikTok စီအီးအို Shou Zi Chew သည် တရုတ်နိုင်ငံနှင့် လူကြိုက်များသော ဆိုရှယ်မီဒီယာအက်ပ်၏ ဆက်သွယ်မှုများနှင့် ပတ်သက်သည့် လွှတ်တော်အမတ်များ၏ မေးခွန်းများကို  ကွန်ဂရက်လွှတ်တော်ရှေ့မှောက်တွင် ဖြေကြားခဲ့သည်။

TikTok သည် တရုတ်ကွန်မြူနစ်ပါတီသို့ TikTok သုံးစွဲသူတို့၏ ဒေတာများ ပေးနိုင်သည့်အရေးကို မေးမြန်းဖြေကြားခဲ့ကြသည်။

.

DataReportal မှ အချက်အလက်များအရ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် အသက် ၁၈ နှစ်နှင့်အထက် TikTok သုံးစွဲသူဦးရေတွင် အမေရိကန်နိုင်ငံသည် အများဆုံး ဖြစ်ပြီး ၁၁၃ သန်းကျော် ရှိသည်။

ဒေသအလိုက်ကြည့်လျှင် အရှေ့တောင်အာရှသည် သုံးစွဲသူ ၂၇၂ သန်းဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေသည်။ ယင်းတို့အနက် သန်း ၂၀၀ သည် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှ TikTok သုံးစွဲသူများ ဖြစ်သည်။ အရွယ်ရောက်ပြီးသူ  TikTok သုံးစွဲသူ အများဆုံး ထိပ်တန်း(၈) စာရင်းတွင် အင်ဒိုနီးရှားက ဒုတိယနေရာကို ၁၀၉ သန်းကျော်ဖြင့် ရောက်ရှိနေသည်။ ဆဌမနေရာကို ဗီယက်နမ်က သန်း ၅၀ နီးပါးဖြင့် ရယူထားသည်။

ဖိလစ်ပိုင်က သတ္တမနေရာကို ၄၃ သန်းကျော်ဖြင့် ရယူထားသည်။

ထိုင်းနိုင်ငံသည် သန်း ၄၀ ကျော်ဖြင့် အဌမ နေရာကို ရရှိထားပါသည်။

 

photo_2023-05-06_15-47-20 (1).jpg

.

TikTok ကို တရုတ်နှင့် အိန္ဒိယတို့တွင် ပိတ်ပင်ထားသဖြင့် အရွယ်ရောက်ပြီးသူ  TikTok သုံးစွဲသူ အများဆုံး ထိပ်တန်း(၈) စာရင်းတွင် မပါချေ။ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U