Life Hacks

တရုတ်လူမျိုးတွေဆီက သင်ယူသင့်တဲ့ အချက် (၅) ချက်

Read 876 times
တရုတ်လူမျိုးတွေဆီက သင်ယူသင့်တဲ့ အချက် (၅) ချက်

 

တရုပ်တွေဟာ မိတ်ဆွေတွေကို အလေးအနက်ထားကြတယ်။ မိမိတို့ဆိုင်ကို ရောက်လာတဲ့ ဖောက်သည်တွေ ဈေးဝယ်တွေကို နောက်တစ်ဆိုင်ရောက်မသွားအောင် လှိုက်လှဲပျူငှာတယ်။ စီးပွားရေးအောင်မြင်တဲ့အခါမှာလည်း စားပွဲသောက်ပွဲနဲ့ မိတ်ဆွေတွေကို ဧည့်ခံတယ်။ ပြီးတော့ မိတ်ဆွေတွေကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း လှိုက်လှိုက်လှဲလှဲပြောကြတယ်။ ငယ်ကထဲက သားသမီးချင်း ပေးစားမယ်လို့ ပြောကြဆိုကြတဲ့အထိ မိတ်ဆွေတွေကိုချစ်ကြတယ်။ အလွန်အမင်းချစ်ခင်ပြီဆိုရင်တော့ လက်မောင်းသွေးကို ရောစပ်သောက်ကြပြီး သွေးသောက်ညီအစ်ကို မောင်နှမ ဖွဲ့စည်းကြတယ်။

 

 

() ကျေးဇူးတရားကိုမမေ့ကြဘူး

 

တရုပ်တွေဟာ မိဘဘိုးဘွားတွေကို တစ်နှစ်နှစ်ကြိမ်အနည်းဆုံး ကန်တော့ပွဲပေးပြီးကန်တော့တယ်။ (နှစ်သစ်ကူးနဲ့သချို င်္င်း ကန်တော့ပွဲ) သေဆုံးတဲ့အခါမှာလည်း ခမ်းခမ်းနားနား သဂြိုဟ်တယ်။ ''တင်ရှိနေတဲ့ကျေးဇူးတရား'' တွေကို အမြဲတမ်းအမှတ်ရသောအားဖြင့် ကမ္ဗည်းတိုင်တွေကို အိမ်မှာထားလေ့ရှိပြီး မိဘဘိုးဘွားတွေကို ရိုးရာနတ်သဖွယ် ကိုးကွယ်တိုင်တည်လေ့ရှိတယ်။ ပြီးတော့ သူတို့မိဘဘိုးဘွားတွေဟာ ရောက်ရာဘုံဘဝကနေ သူတို့ကို စောင့်ရှောက်နေတယ်လို့ ယုံကြည်ကြတယ်။

 

 

() အသက်ဘယ်လောက်ကြီးကြီး အလုပ်လုပ်ပါ

 

တရုပ်တွေဟာ အသက်ဘယ်လောက်ကြီးကြီးအလုပ်လုပ်ကြတယ်။ ၇၀ ၈၀ အရွယ်ဖြစ်ကြပေမယ့် ဆိုင်ကောင်တာထိုင်ကြဆဲ၊ ဈေးရောင်းနေကြဆဲ ဖြစ်တယ်။ အလုပ်လုပ်နေတဲ့အတွက် စိတ်ဟာ အာရုံတစ်ခုတည်းရှိနေပြီး မလေလွင့်ဘူး။ ပြီးတော့ ကိုယ်လက်လှုပ်ရှားဖြစ်တော့ ရောဂါတွေဖြစ်မလာအောင် တားဆီးပေးတယ်။ ဒါ့အပြင် ကိုယ့်လုပ်စာနဲ့ ကိုယ့်စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်သွားတဲ့အတွက် တရုပ်သက်ကြီးရွယ်အိုတွေဟာ အလုပ်လုပ်နေကြဆဲပဲ။

 

 

() ဆွေမျိုးတွေကိုချစ်ပါ

 

လူမျိုးခြားအိမ်ဖော်တွေ အိမ်အကူတွေရှိကြတယ်။ တရုပ်အိမ်ဖော်ဆိုတာ မရှိလောက်အောင်ရှားတယ်။ ဆွေမျိုးအချင်းချင်း ထောက်ပံ့ကူညီပါ။ သူများက ဓါးနဲ့နှစ်ချက်ထိုးရင်တောင် ဆွေမျိုးဆိုတာ တစ်ချက်ပဲထိုးတယ်။ သွေးဆိုတာ ရေထက်ပျစ်တယ် လို့ တရုပ်စကားပုံရှိတယ်။ တရုပ်လူမျိုးအချင်းချင်း ဆွေမျိုးတွေဆိုရင် အလေးအနက်ထားတယ်။ မိမိတို့ပိုင်ဆိုင်တဲ့အလုပ်မှာ ဆွေမျိုးကိုဦးစားပေးခန့်ထားကြတယ်။ ပြီးတော့ လုပ်ငန်းခွဲထွက်နိုင်အောင် ပညာကို အတွန့်အတိုမရှိသင်ပေးကြတယ်။ ဆွေမျိုးတွေဟာ ဘယ်မြေ ဘယ်အရပ်ကိုရောက်ရောက် တကူးတက သွားတွေ့ကြတယ်။ ဆွေစဉ်မျိုးဆက်ဆိုပြီး မှတ်တမ်းပြုထားကြတယ်။

 

 

() စီးပွားရှာပါ

 

စီးပွားရှာခြင်းဟာ ဘယ်အသက်ဘယ်အရွယ်ဖြစ်ဖြစ် စိတ်အေးချမ်းသာစွာနေနိုင်မှာပါ။ အသက်အရွယ်ကြီးလာတဲ့အခါ သားသမီးတို့ရဲ့ မထီမဲ့မြင်ပြုတာကိုလည်း မခံရဘူး။ မိမိကျမ္မာရေးနဲ့ ဘဝအာမခံချက်အတွက် နည်းပါးတဲ့ ငွေကြေးဖြစ်ပါစေ အလေးအနက်ထားပြီး စုဆောင်းပါ။ ပြီးတော့ လုပ်ငန်းသစ်တွေကို တည်ထောင်ပါ။ စီးပွားရေးအဆင်ပြေမှ လူမှုရေး အိမ်ထောင်ရေးဆိုတာ သာယာတယ်လို့ တရုပ်တွေက ယုံကြည်တယ်။

 

 

Credit;Original writer