Digital Marketing

မိမိရဲ့ ပေ့ခ်ျမှာ ပို့စ်တွေ တစ်နေ့တစ်မျိုး မရိုးအောင် တင်ချင်တဲ့ သူတွေအတွက် Tips များ

Read 2597 times
မိမိရဲ့ ပေ့ခ်ျမှာ ပို့စ်တွေ တစ်နေ့တစ်မျိုး မရိုးအောင် တင်ချင်တဲ့ သူတွေအတွက် Tips များ

အောက်မှာ ဖော်ပြပေးထားတဲ့ နည်းလေးတွေ စမ်းသုံးကြည့်ပါ။ သင့်ရဲ့ ပေ့ခ်ျလေး စိုစိုပြေပြေနဲ့ လူတွေ ၀င်ကြည့်လာပါလိမ့်မယ်။

၁။ ကုန်ပစ္စည်း/ ၀န်ဆောင်မှုရဲ့ ပရိုမိုးရှင်း ( သို့ ) ဒစ်စကောင့်တွေ ရှိရင် တင်ပေးပါ။

၂။ မိမိရောင်းနေတဲ့ ကုန်ပစ္စည်း ( သို့ ) ၀န်ဆောင်မှုတွေ အသစ်တစ်ခုခု ထွက်လာတဲ့အခါ ပို့စ်တင်ပြီး အသိပေးပါ။

၃။ ကံစမ်းမဲ အထူးသဖြင့် ဖုန်းဘေလ်နဲ့ Gift Voucher လေးတွေ ပေးတဲ့အခါ ကောမန့်မှာ နံပါတ်စဉ်အလိုက် မန့်ခိုင်းတာ၊ Like နဲ့ Share ခိုင်းတာမျိုး လုပ်ပါ။

၎။ လပြည့်နေ့တွေ နေ့ထူးနေ့မြတ်တွေနဲ့ အထိမ်းအမှတ်နေ့တွေအတွက် ဆုတောင်းပို့စ်လေးတွေ တင်ပါ။

၅။ မိမိရဲ့ Customer တွေကို မေးခွန်းလေးတွေ ( ဘယ်တစ်ခုကို ပိုကြိုက်လဲ၊ ဘယ်မှာ ဆိုင်ထပ်ဖွင့်စေချင်လဲ စသဖြင့် ) မေးပါ။

၆။ Motivation ပို့စ်တွေနဲ့ နေ့စဉ်လူနေမှုဘ၀ဆိုင်ရာ အကြောင်းအရာတွေ တင်ပေးပါ။

၇။ Customer တွေက မိမိရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှု ကောင်းတဲ့အကြောင်း ချီးမွမ်းထားတာရှိရင် ပို့စ်တင်ပြီး ကျေးဇူးတင်ကြောင်း ပြောပါ။

 သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းခြင်းရဲ့ အားသာချက်များ

၈။ မိမိ ဖတ်ထားတဲ့ စာအုပ်တစ်အုပ်ထဲက မှတ်သားစရာ တစ်ခုခုကို ပြန်မျှဝေတာမျိုး လုပ်ပါ။

၉။ အားလပ်ရက်တွေမှာ ရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ ဆွေးနွေးပွဲတွေ အကြောင်း မျှဝေပေးပါ။

၁၀။ Trending ဖြစ်တဲ့ အကြောင်းအရာ ( ကမ္ဘာကြီး ၂ ခြမ်းကွဲသွားရင်တို့၊ မအေးအေးဝင်း စီစဉ်သည်တို့ ) စတဲ့ ဟာသလေးတွေ၊ Meme လေးတွေ ရေးတင်ပါ။

၁၁။ မိမိကုမ္ပဏီ သို့ လုပ်ငန်းက လုပ်ဆောင်တဲ့ အလှူတွေ Activities တွေ တင်ပါ။

၁၂။ စိတ်ဝင်စားစရာ ဓာတ်ပုံလှလှလေးတွေ တင်ပါ။

၁၃။ မြန်မာနိုင်ငံက အကြောင်းအရာလေးတွေ အခြားနိုင်ငံက ရေးထားတာတွေ့ရင် Share ပါ။

 

Su Mon Oo

Myanmar Advertising Directory