Life Hacks

သင်အတုယူနိုင်တဲ့ အောင်မြင်သူတို့ရဲ့ကျင့်ထုံးများ

Read 308 times
သင်အတုယူနိုင်တဲ့ အောင်မြင်သူတို့ရဲ့ကျင့်ထုံးများ

ဒါကြောင့် တစ်ခုခုကိုလုပ်ရင် အတွေးမများဘဲ အကောင်းဆုံး အာရုံစူးစိုက်နိုင်ဖို့လိုပါတယ်။ဒီအချက်က သိပ်မခက်ပေမယ့် လူတော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် ဗျာများနေလေ့ရှိပါတယ်။ ဒါကိုသာ သတိထားပြင်နိုင်ရင် သင့်လုပ်ဆောင်ချက်တွေ တိုးတက်လာမှာပါ။

 

() စိတ်အားထက်သန်မှု Passionate

ဝတ်ကျေတန်းကျေလုပ်တဲ့အလုပ်တစ်ခုနဲ့ စိတ်အားထက်သန်မှု အပြည့်နဲ့လုပ်တဲ့ အလုပ်တစ်ခုဟာ ပြောစရာမလိုအောင်ကွာပါတယ်။စိတ်အားထက်သန်မှုတစ်ခုဖြစ်ဖို့ဆိုရင် တွန်းအား motivation လိုပါတယ်။ဒါဟာ ဖိအား pressure နဲ့မတူပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်၊ ကိုယ့်အတွက်စိန်ခေါ်မှုတွေရှိတဲ့အလုပ်၊ ကိုယ့်အတွက် အနာဂတ်ရှိတယ်လို့ ခံစားရတဲ့အလုပ်တွေက ကိုယ့်ကိုတွန်းအား တစ်ခုဖြစ်စေပါတယ်။

 

() ကြိုးစားမှု Work Hard

မကြိုးစားဘဲအောင်မြင်သွားတဲ့သူဆိုတာမရှိပါဘူး။အောင်မြင်မှုတိုင်းမှာ လုံလောက်တဲ့အားထုတ်မှု တစ်ခုလိုအပ်စမြဲပါ။ အခုလက်ရှိမှာ မအောင်မြင်နိုင်သေးဘူး ဆိုရင် ကိုယ့်ရဲ့အားထုတ်မှုဟာ မလုံလောက်သေးဘူးလို့သာ မှတ်ယူထားပါ။ဒါပေမယ့် ကြိုးစားမှုကိုတော့ ဘယ်တော့မှမလျှော့ပစ်လိုက်ပါနဲ့။

 

() တိုးတက်ခြင်း Improving

လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာ ထိပ်တန်းအောင်မြင်သွားတယ်။ သင်စရာမရှိတော့လောက်အောင်ဆိုတာမရှိပါဘူး။ အရမ်းတိုးတက်တဲ့နည်းပညာမှာ တောင် စဉ်ဆက်မပြတ်တိုးတက်မှုတွေရှာဖွေနေရပါတယ်။ဒီလိုပဲ ကိုယ့်ရဲ့တိုးတက်မှုတွေကို ရပ်တန့်ပစ်လိုက်လို့မရပါဘူး။ တစ်နေ့ကို အချိန်အနည်းငယ်ပေးပြီး ကိုယ့်ရဲ့တိုးတက်ခြင်း လုပ်ငန်းစဉ်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။

 

() အချိန်ကိုအသုံးချခြင်း Time Spending

ဆင်းရဲတဲ့သူရော၊ အောင်မြင်တဲ့သူပါ သာတူညီမျှ ပိုင်ဆိုင်ခွင့်ဆိုလို့ ၂၄ နာရီဆိုတဲ့အချိန်ပဲရှိပါတယ်။ ဒီအချိန်ကိုအသုံးချပုံ ကွဲပြားခြင်းကပဲ မတူညီတဲ့ အနာဂတ်တွေကို ဖြစ်ပေါ်လာစေပါတယ်။

 

() ပိုလုပ်ပါ။ Go Beyond Limit

ဒီနေ့တစ်နာရီ စာဖတ်မယ်လို့စိတ်ကူးရင် ငါးမိနစ်ပိုဖတ်လိုက်ပါ။ မနက် ၅ နာရီထမယ်ဆိုရင် ငါးမိနစ်စောထလိုက်ပါ။ နည်းနည်းချင်းစီပိုလုပ်တဲ့အကျင့်က ရေရှည်မှာကျရင် သင့်ကိုမထင်ထားလောက်အောင် အကျိုးများစေပါလိမ့်မယ်။

 

() ပေါင်းသင်းဆက်ဆံရေး Build Relationships

အောင်မြင်ရေးနဲ့ အရေးကြီးဆုံးသော့ချက်နောက်တစ်ခုက ပေါင်းသင်းဆက်ဆံရေးပါပဲ။ လူများများပေါင်းနိုင်လေလေ ကိုယ့်အတွက် အောင်မြင်ဖို့ရာခိုင်နှုန်းများလေလေပါပဲ။ ဒီလိုပေါင်းသင်း ဆက်ဆံရေးကောင်းဖို့ဆိုရင် လူတွေအပေါ်ထားတဲ့ သင့်အမြင်ကို အရင်ဆုံးပြောင်းလဲပစ်ရပါမယ်။ လူတွေကို မကောင်းမြင်လို့မရပါဘူး။ သင်သိထားရမှာက အခွင့်ရေး သင်ယူစရာတွေနဲ့ ဗဟုသုတအများစုက လူတွေဆီက မြစ်ဖျားခံလာတယ်ဆိုတာပါပဲ။

 

 

Credit;Original writer