Events & Exhibitions

မြန်မာနိုင်ငံမှာ စီးပွားထူးချွန်သူတစ်ယောက် ဖြစ်ဖို့ဆိုရင်

Read 1874 times
မြန်မာနိုင်ငံမှာ စီးပွားထူးချွန်သူတစ်ယောက် ဖြစ်ဖို့ဆိုရင်

Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပတဲ့ ဒုတိယကြိမ်မြောက်ပွဲတစ်ခုဖြစ်ပြီး ဒီပွဲဟာ အရင် B2B Magazine မှာ Cover Story အနေနဲ့ ရိုက်ကူးနေကြဖြစ်တဲ့ In-House Interview ကို အခုဆိုရင် လူကိုယ်တိုင်လာရောက် နားထောင်နိုင်တဲ့ပွဲပဲဖြစ်ပါတယ်။

ဒီပွဲမှာ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မြတ်မိုးရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ရလဲ၊ သူတို့ဒီနေရာကို ဘယ်လိုရောက်လာခဲ့လဲ၊ ၊ သူတို့ရဲ့အနာဂတ်အိမ်မက်တွေက ဘာတွေလဲ စတဲ့မေးခွန်းတွေကို ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ မေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ စီးပွားထူးချွန်သူများကို မေးခွန်းတွေကို မမေးမြန်းခင်မှာတော့ “WOW Customer Satisfaction” နဲ့ ပတ်သက်တဲ့ Keynote တွေကိုလည်း ပြောကြားသွားမှာဖြစ်လို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်နားထောင်နိုင်ပါတယ်။

MECA ၏ ရွှေရောင်အိမ်မက်များ

ဒီပွဲဟာ အခုမှ စီးပွားရေးလုပ်ငန်းကို စတင်ချင်တဲ့သူတွေအတွက်ရော၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအတွက်ပါ Knowledge,Inspiration ကို ရယူနိုင်မယ့်ပွဲဖြစ်ပါတယ်။

ဒါအပြင် (Question & Answer section) မေးခွန်းများတွေကိုပါ မေးမြန်းနိုင်တဲ့ အစီအစဉ်တွေလည်း ပါဝင်တာကြောင့် မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး သိချင်နေတဲ့ အကြောင့်အရာများကို တချိန်တည်း တနေရာထဲ မှာသိရှိနိုင်မှာ ဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်နဲ့ Free ပြုလုပ်သွားမယ့်ပွဲဖြစ်လို့ တက်ရောက်လိုသူတွေအနေနဲ့ အမည်၊ ဖုန်းနံပတ်၊ အီးမေးလ်လိပ်စာ၊ ရာထူး ၊ Company အမည် စတာတွေကို ဖုန်းနံပါတ် 09 785 60 60 60 နဲ့ http://bit.ly/2OhibQD ကို ဆက်သွယ်စာရင်းပေးသွင်း နိုင်ပါတယ်။

Source; B2B Magazine
Myanmar Advertising Directory