Business Marketing

ဒီဂျစ်တယ်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ပေါ်ရန် အလားအလာကောင်းရှိနေ

Read 1736 times
ဒီဂျစ်တယ်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ပေါ်ရန် အလားအလာကောင်းရှိနေ

Telenor Myanmar ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Lars Erik Tellmon ကပြောပါတယ်။

မိုဘိုင်းအခြေခံအဆောက်အအုံထဲက တစ်ခုကို တည်ဆောက်ထားပြီးဖြစ်လို့ အဆင့်တက်လှမ်းဖို့ အလားအလာကောင်းတွေ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ဟာ ဒီဂျစ်တယ်နိုင်ငံ ဖြစ်လာစေဖို့ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်ကို ပံ့ပိုးပေးဖို့အတွက် ကတိအပြည့်အ၀ထားရှိပါတယ်လို့ Ooredoo Myanmar ကအမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Mr.VikramSinha ကပြောခဲ့ပါတယ်။

Read-ဒစ်ဂျစ်တယ် စီးပွားရေး ကမ္ဘာဆီသို့

ဒီဂျစ်တယ်နိုင်ငံ ဖြစ်လာဖို့ ကျေးလက်ဒေသတွေမှာနေတဲ့ အခြေခံလူတန်းစားတွေကိုလည်း မေ့ထားလို့ မရဘူးလို့ဆိုပါတယ်။ ဒီဂျစ်တယ်နိုင်ငံ ဖြစ်လာဖို့အတွက် ဒီဂျစ်တယ်မှတ်ပုံတင်စနစ်တွေ၊ ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုတွေနဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍတွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ အသေးစားလုပ်ငန်းတွေမှာ ဒီဂျစ်တယ်စီးပွားရေးကို အသုံးပြုနိုင်ဖို့လည်း လိုပါတယ်လို့ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဒေါက်တာဦးထွန်းသူရသက် ကပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ယခင်ဆက်သွယ်ရေးဖွံ့ဖြိုးမှုနည်းပါးရာ ပတ်ဝန်းကျင်ကို Fourth generation မိုဘိုင်းဆက်သွယ်ရေးခေတ်ကို တိုက်ရိုက်ပြောင်းလဲထားခြင်းဟာ နောက်ထပ်ခြေလှမ်း များစွာ ပိုလှမ်းနိုင်အောင် ကူညီပံ့ပိုးလိုပါတယ်လို့ Mr.Lecchi ကပြောခဲ့ပါတယ်။

Source; Internet Journal