Life Hacks

ဘယ်လိုအချိန်မျိုးရောက်ရောက် အောင်မြင်ဖို့ ရှင်သန်ပါ!

Read 5022 times
ဘယ်လိုအချိန်မျိုးရောက်ရောက် အောင်မြင်ဖို့ ရှင်သန်ပါ!

သင်ဟာဘယ်အရာကိုလုပ်လုပ် မှားမှာကို မကြောက်ပါနဲ့ ။

မှားလို့ လူတွေဝေဖန်မှာ ကိုလည်း မကြောက်ပါနဲ့။

သင်လုပ်ဆောင်တဲ့ အရာမှာကျရှူံးသွားလို့ ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့။

အရှူံးကိုလဲမကြောက်ပါနဲ့။

ဥပမာ သင်ဟာ အလုပ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုမှာ အတော်ဆုံးဖြစ်အောင် ယှဉ်ပြိုင်ရတဲ့အခါ ကျရှူံးခဲ့တယ်ဆိုလည်း စိတ်ညစ်မနေပါနဲ့။

စိတ်ညစ် နေခြင်းဟာ နောက်တစ်ဖန် စတင်ဖို့ အားလျော့ စေပါလိမ့်မယ်။

သင်မှတ်ထားရမှာကသင့်ဘဝ အောင်မြင်ဖို့ထိုအရာတစ်ခုတည်းပဲ ရှိတာမဟုတ်ပါဘူး ။

ဆိုလိုတာက အစားထိုးအောင်မြင်လို့ရပါတယ်။

သင်ဟာအသံမကောင်းလို့အဆိုတော် မဖြစ်နိုင်ရင်အတော်ဆုံး အကောင်းဆုံး တေးရေးဆရာ ဖြစ်နိုင်ပါတယ်။

ယနေ့မြန်မာပြည်မှာရှိတဲ့ တေးရေးဆရာအများစုဟာ အဆိုတော်တွေမဟုတ်ပါဘူး။

သင်ဟာစာမတော်လို့ ပညာရေးမှာ အညံ့ဆုံးဖြစ်နေပေမယ့် အချမ်းသာဆုံး စီးပွားရေးသမား/သရုပ်ဆောင်ဖြစ်နိုင်ပါသေးတယ်။

အဓိက ကတော့ အရာတစ်ခုကိုလုပ်ဆောင် ရတော့မယ်ဆိုရင် အရှူံးကို ရင်ဆိုင်နိုင်တဲ့သတ္တိရှိနေပါစေ။

ရူံးတော့ကောဘယ်သူ့ကို ဂရုစိုက်ဖို့လိုလို့လဲ။ လူတိုင်းအရှူံးရှိပါတယ်။
ဘာမှမရှူံးဘူးဆိုတဲ့လူဟာဘာမှမလုပ်ဖူးတဲ့သူပါ။

သိပ္ပံနည်းကျစမ်းသပ်မှုအရတော့
လူတိုင်းမှာမတူညီတဲ့ ဦးနှောက်တစ်ခုစီကို
ပိုင်ဆိုင်ထားကြပါတယ်။

ဒါ့ကြောင့်သင်ဟာ အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်နေဖို့မလိုပါဘူး။

"သိုင်းကွက်တစ်ထောင်လောက် ကျွမ်းတဲ့သူကိုကျွန်တော်မကြောက်ပါဘူး။

တစ်ကွက်ထဲကိုအကြိမ်တစ်ထောင် လောက်လေ့ကျင့်ထားတဲ့သူဆိုရင်တော့ သတိထားဖို့လိုပါလိမ့်မယ်"

ဘရုစ်လီ ကပြောခဲ့တဲ့စကားလေးပါ။

မှန်ပါတယ် သင်ဟာအရာအားလုံး မှာတော်ဖို့မကြိုးစားပါနဲ့။

တစ်ခုထဲမှာပဲ တစိုက်မက်မက်ကြိုးစားဖို့ပဲ လိုတာပါ။

ကျရှုံးတိုင်း ရပ်တန့်မသွားပါနဲ့။

ပြန်လည်ရှင်သန်ဖို့ ကြိုးစားပါ။

Recommended for you-အလုပ်တာဝန်ပြီးမြောက်မှုကို ဦးတည်တဲ့ ခေါင်းဆောင်မှုဆိုတာဘာလဲ

Credit; Original Uploader